ထယ်ဖွန်းဂျောင်/ထယ်ဖွန်းဂျောင်(3.6)

1.5K 122 0
                                    

Unicode

'ထယ်'

''ဂျင်ယော့ ရောက်နေတာလား''

'ကိုယ်မင်းကိုစောင့်နေတာလေ ထယ်တော်တော်နဲ့မထွက်လာတော့ကိုယ်စိတ်ပူသွားသေးတယ် နောက်တော့မင်းနဲ့အတန်းတူလောက်မယ့်ကျောင်းသားတစ်ချို့ကိုမေးလိုက်တော့ ကျောင်းအုပ်ကြီး ရုံးခန်းသွားတယ်လို့သိလိုက်ရတယ် အဲတာကြောင့်ကိုယ်မင်းကိုဒီနေရာမှာ
စောင့်နေတာလေ'

''အို စောင့်ရတာကြာသွားလားဟင်''

'သိပ်မကြာဘူး ဒီနေ့ကိုယ့်ကိုမင်းအိမ်လိုက်
ပြလေ'

''အော် အဲတာဆိုလိုက်ခဲ့လေ ကျွန်တော်အရင်မောင်းလိုက်မယ် နောက်ကလိုက်ခဲ့လေ''

'ရတယ် ကိုယ့်မှာကားပါတယ် စက်ဘီးကိုကားနောက်ခန်းထဲထည့်ပေးလို့ရတယ်လေ ဒရိုင်ဘာဒီစက်ဘီးကိုကားနောက်ခန်းထဲထည့်လိုက်'

''ဟုတ်ကဲ့ သခင်လေး''

'ဝင်လေ ထယ်'

''ဟုတ်ကဲ့ ဂျင်ယော့''

'ကိုယ့်ကိုလိပ်စာပြောလေ'

''အော် xxxအမှတ်xxxလမ်း xxxအဆောင်''

'အိုကေ ဒရိုင်ဘာ အဲ့နေရာကိုမောင်းပေး'

''ဟုတ်ကဲ့ သခင်လေး''

'ဒီနေ့ ညစာကို ထယ်က ကျွေးရမယ်နော် ချက်ကျွေးတာဖြစ်ဖြစ် ဝယ်ကျွေးတာဖြစ်ဖြစ်
ဘယ်လိုလဲ'

''ဟုတ်ကဲ့ ကျွန်တော်ကျွေးပေါ့မယ်''

'ကျောင်းအုပ်ကြီးက ရုံးခန်းခေါ်တယ်ဆိုတော့ပြဿနာကြီးကြီးမားမားရှိလို့လား'

''မရှိပါဘူး ကျောင်းအုပ်ကြီးက ကျွန်တော့်ကို ဘက်စုံထူးချွန်ပြိုင်ပွဲဝင်ဖြေစေချင်လို့တဲ့''

'ထယ်က ဘယ်လိုပြောလိုက်လည်း'

''လက်ခံလိုက်တယ်လေ နောက်နေ့ကစပြီး ကြိုးစားရတော့မှာလေ နောက်တစ်လဆိုတော့သိပ်မလိုတော့ဘူးလေ''

'အော် ကိုယ်ကူညီပေးရမလား အရင်တုန်းက ကိုယ်လည်းအဲစာမေးပွဲဖြေဘူးတယ် အဲ့မေးခွန်းတစ်ချို့သိမ်းထားသေးတယ်ထင်တယ် လိုအပ်ရင်ကိုယ့်ကိုပြောလေ ကိုယ်မင်းကိုပေးလို့
ရပါတယ်'

cute kitty systemDonde viven las historias. Descúbrelo ahora