ထယ်ဖွန်းဂျောင်/ထယ်ဖွန်းဂျောင်(3.5)

1.7K 143 0
                                    

Unicode

ညသန်းခေါင်အချိန် တိုက်ခန်းတစ်ခန်း၌

[အလုပ်လုပ်ရတာ ပင်ပန်းတာ နောက်ပြီး
ယော့ဆန်းဆိုတဲ့တစ်ယောက်ကလည်းတစ်မှောင့်
Liam အဲ့ယော့ဆန်းဆိုတဲ့ကောင်လေးကလေ
ငါ့ကိုလိုက်ချိတ်ပေးနေတာပဲ]

(ဟုတ်တယ်ရှောင်ပိုင်ရဲ့ သူကမူလပိုင်ရှင်ကိုခဏခဏချိတ်ပေးတယ်လေ မူလပိုင်ရှင်က
လက်မခံပေမယ့် သူကလိုက်ချိတ်ပေးနေတုန်းပဲ
မူလပိုင်ရှင်ကိုကြိုက်တဲ့တစ်ချို့လူတွေဆိုရင်သူ့ကိုပြောလိုက်တာ သူကတစ်ဆင့်ကနေ
မူလပိုင်ရှင်ကို ပြောခိုင်းလိုက်တာ)

[အဲဆိုရင်သူကမကောင်းတဲ့လူလား]

(အဲလိုလို့လည်းပြောလို့မရဘူး သူကမူလပိုင်ရှင်မလုပ်ချင်ရင်အတင်းမတိုက်တွန်းဘူးရယ် ပြောပဲပြောပြတာ မူလပိုင်ရှင်က မပြောနဲ့လို့ပြောလိုက်ရင်မပြောတော့ဘူး မပြောနဲ့လို့မပြောမချင်း
ရပ်ကိုမရပ်တော့ဘူး လိုက်ချိတ်နေတော့တာပဲ)

[ဟူး ငါ့ဘဝကလည်းမလွယ်လိုက်တာ နောက်တစ်ခါကျရင် ဆင်းရဲတဲ့ဘဝကိုထပ်မပို့ပါနဲ့တော့နော်

(အဲတာတော့မရဘူးလေ ​ရှောင်ပိုင်ရဲ့ ​ရှောင်ပိုင်ကလွတ်မြောက်ရမယ့်ဝိညာဥ်ဆယ်ငါးခုကိုကယ်ရမယ်လေ အဲဝိညာဥ်တွေကသတ်မှတ်ထားတဲ့ဘဝမှာ သတ်မှတ်ထားတဲ့နေရာတွေမှာရှိတယ် ဆင်းရဲသား သခင်လေး သူဌေးကြီး ဘုရင် သူတောင်းစား အစရှိသည့်နေရာမျိုးစုံမျိုးရှိနိုင်တယ် အဲတာကိုပုံသေမှန်လို့မရဘူးလေ)

[အော် Liamကျွန်တော်လေ ချမ်းသာတဲ့ဘဝတွေပဲရောက်ချင်တယ် ဆင်းရဲတဲ့ဘဝကတော့ဟူးအတော်ပင်ပန်းတယ်လေ ကျွန်တော်အရင်ဘဝကအလုပ်တွေအများကြီးမလုပ်ဖူးဘူးရယ်]

(သိပါတယ်ရှောင်ပိုင်ရဲ့ ကိုယ်ရေးအကျဥ်း
မှာပါပါတယ် ​ရှောင်ပိုင်ရဲ့ဘဝကိုကျွန်တော်တို့ကြည့်ပြီးပြီလေ)

[ကျွန်တော့်တို့ဆိုတော့ တခြားဘယ်သူတွေပါသေးလို့လဲဟင် ငါမကောင်းတာလုပ်ထားတာ တခြားသူတွေမြင်ကုန်တော့မှာလဲ]

(တခြားဘယ်သူမှမပါပါဘူး ဒီလောကရဲ့ပိုင်ရှင်နဲ့ကြည့်တာပါ သိပ်ပြီးစိတ်မပူပါနဲ့နောက်ပြီး
ရှောင်ပိုင်ကလိမ်မာပါတယ်
အဆိုးတွေမပါပါဘူး)

cute kitty systemDonde viven las historias. Descúbrelo ahora