(5)

1.4K 296 16
                                    

( Unicode )

" ဆရာ .. အရေးကြီးကိစ္စရှိတယ်ဆို "

ချန်းယောလ်က ထိုနေရာကိုရောက်သွားတဲ့အချိန်မှာ ဆရာကြီးက ခုံပေါ်မှကျကျနနထိုင်ပြီးစီးကရက်တစ်လိပ်ကိုမာန်ပါပါနှင့်သောက်နေလေ၏။

တံခါးပေါက်ဝမှာရပ်နေတဲ့ ချန်းယောလ်ကိုလှမ်းခေါ်ပြီး အနားမှာထိုင်စေသည်။

" အရေးကြီးကိစ္စတော့ဟုတ်တယ်၊ ဒါပေမယ့်မင်းအတွက် "

" ကျွန်တော့်အတွက်ဟုတ်လား "

ဆရာကြီးက ဆေးလိပ်ကိုရိူက်ဖွါရင်းခေါင်းတချက်ညိတ်ပြသည်။

" ချန်းယောလ်၊ မင်းကငါ့ရဲ့မွေးစားသားဆိုလည်းမမှားဘူး။ အခုလိုစီစဥ်ပေးလိုက်ရတာကလည်း မင်းကိုကောင်းစေချင်လို့၊ ပြီးတော့မင်းသိပ်ရှာချင်နေတဲ့ ပိုက်ဆံတွေများများရ အောင်လို့ "

ဟုတ်ပါသည်။ ချန်းယောလ်၏မွေးစားဖခင်တဖြစ်လဲ ဆရာကြီးက ချန်းယောလ် ၁၆ နှစ်သားကလေးဘဝတည်းကရင်း ချန်းယောလ်ကိုပညာစုံသင်ပေးခဲ့သည်။

တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသလိုပဲလောင်းကစားဝါသနာအရင်းခံလေးရှိနေတဲ့ချန်းယောလ်၏ဘဝက လောင်းကစားရေးထဲမှာပဲ နှစ်မြှုပ်သွားခဲ့ရသည်။

မေမေသည်လည်း ဖဲကစားရတာဝါသနာပါတယ်လို့ ဆရာကြီးကိုပြောတော့ ပခုံးတွေတုန်ယင်မတတ် ရယ်၏။ သားအမိလို့မပြောရဘူးတဲ့။ ချန်းယောလ်အခုလိုလောင်းကစားဖက်စိတ်ရောက်သွားတာလည်း မေမေ့ပယောဂတွေ မကင်းဘူးဆိုတာသိသည်။

ငယ်စဥ်ကတည်းက ဖဲချပ်တွေနဲ့မစိမ်းကားသူဖြစ်တာကြောင့် ဆရာကြီးသင်ပေးခဲ့တဲ့နည်းလမ်းတွေကို ခဏလေးအသုံးချတတ်သူဖြစ်လာပြီး ဖဲဆော့တဲ့နေရာမှာတဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူဖြစ်လာ၏။

ပြီးတော့ ဆရာကြီးယုံကြည်အားကိုးရတဲ့တဦးတည်းသော မွေးစားသားဆိုလည်းမမှားပေ။

" ဆရာကြီး ဆိုလိုချင်တာက "

" အေး၊ မင်းအကြောင်းကို ငါလောပန်တယောက်ကိုပြောပြမိတယ်ကွာ။ အဲ့ဒီမှာလောပန်က သဘောကျပြီးမင်းကိုသူ့လက်အောက်မှာနေပြီး ဖဲဆော့စေချင်နေတာ၊ နိုင်တဲ့အခါကျရင် ကြေးငွေတဝက်တော့သူ့ကိုပေးပေါ့ "

SauceBerry [ COMPLEDED ]Where stories live. Discover now