(9)

1.5K 296 20
                                    

( Unicode )

တံခါးဖွင့်သံကြားသည်နှင့် ရောက်နေတဲ့နေ ရာနှင့် အနီးဆုံးဖြစ်သည့် လိုအီပတ်ခ်၏အိပ် ခန်းထဲသို့ဝင်လိုက်သည်။

တဖက်မှာလည်း ချန်းယောလ်ကဖိနပ်ချွတ်ကာအခန်းထဲဝင်ရင်း အပြင်ကနေဝယ်လာတဲ့စားသောက်စရာထုတ်များကိုဧည့်ခန်းကစားပွဲပေါ်တင်လိုက်သည်။

ငါးပွဲမြှောက်မှာအနိုင်ရခဲ့တာကြောင့်မျက်နှာ ပန်းလှနေသည့် ချန်းယောလ်အဖို့လောပန်နှင့်စကားစမြည်ဖုန်းပြောအပြီးမှာ လောပန်ခွဲဝေပေးတဲ့ဝေစုကိုရလိုက်သည်လေ။ သို့နှင့်ညစာတည်ခင်းရအောင် စတိုးဆိုင်ကနေစျေးအ တော်အတင့်ရှိမယ့်အစားအသောက်နှင့်သောက်စရာတ ချို့ဝယ်ပြီး ဘတ်ခ်ဟျွန်းနေတဲ့အခန်းမှာစားကြမယ်ပေါ့။

တွေးထားခဲ့တာ၊ အခုတော့ ဘဲလ်တီးရုံမကလို့ တံခါးကိုထုရိုက်တာတောင် ဖွင့်ပေးမလာတဲ့ ဘတ်ခ်ဟျွန်းကိုစိတ်တိုပြီးမိမိအခန်းရှိရာပြန်လာခဲ့ခြင်းဖြစ်သည်။

အိတ်ထဲက ဘီယာဘူးကိုဖောက်ပြီးခြောက် ကပ်နေတဲ့မိမိ၏အာခံတွင်းကို ယမကာဓါတ်လေးနှင့်စိုစွတ်စေပြီး လက်မှာပတ်ထားတဲ့လက်ကောက်လေးကိုကြည့်နေလိုက်သည်။

အတွေးထဲမှာတော့ ဂျယ်ဟ,ပြောတဲ့စကား လုံးများကတဝဲလည်လည်။

" ဒီလက်ကောက်လေးက ဘတ်ခ်ဟျွန်းဟာပါ၊ ကံကောင်းစေတဲ့လက်ကောက်လေးမလို့အဆောင်အနေနဲ့ ခဏငှါးဝတ်ထားတာ "

အာစွတ်ရုံတမယ်ဆိုပြီးသောက်နေမိတဲ့ဘူးထဲက ဘီယာတွေတဝက်တိတိ မိမိ၏လည် ချောင်းအတွင်း လျှောလျှောရူရူဝင်သွားတာနှင့်အနည်းငယ် ရီဝေဝေဖြစ်စပြုလာသည်။

အမှန်တိုင်းဖွင့်ဟ,ဝန်ခံသွားတဲ့ဂျယ်ဟ,ရဲ့စကားတွေကြောင့် ဗြောင်ဘတ်ခ်ဟျွန်းဆီမှာလက်ကောက်ရှိမနေရတဲ့ အကြောင်းအရင်းကို သိခွင့်ရခဲ့သလို

တဆက်တည်းမှာပဲ လက်ကောက်အပေါ်မည်မျှတန်ဖိုးထားကြောင်း၊ဘယ်လောက်ပေးပေးမရောင်းနိုင်ဘူးလို့ ငြင်းဆိုတတ်ကြောင်းကိုပါလိုက်ပွဲအနေနဲ့သိခဲ့ရတဲ့အခိုက်အတန့်လေးက ​ချန်းယောလ်ကိုဖော်ပြလို့မရလောက်အောင်ကြည်နူးသွားစေတာမျိုး။

SauceBerry [ COMPLEDED ]حيث تعيش القصص. اكتشف الآن