(2)

1.7K 327 21
                                    

( Unicode )

" ဒါက ဘယ်လဲ "

အိမ်အပြင်ထွက်တော့မယ့် ဘတ်ခ်ဟျွန်းကိုခြံထဲမှာဆင်းထိုင်နေတဲ့ မေမေကလှမ်းအော်သည်။

" လမ်းထိပ်က ကစားကွင်းကို "

မေမေက ဘတ်ခ်ဟျွန်း​ကိုစိတ်ပျက်ပါတယ်ဆိုတဲ့အထာနဲ့ ခေါင်းကိုခါရမ်းကာတစုံတခုကိုအားမလိုအားမရဖြစ်နေတဲ့ပုံပါပဲ။

" နင့်အသက်အရွယ်က ကစားကွင်းမှာအ ချိန်ဖြုန်းနေရမယ့်အရွယ်မဟုတ်ဘူး၊ အိမ် ထောင်ဖက်ရှာရမယ့် အချိန်ရောက်နေတာကိုခေါင်းထဲထည့်ထားရဲ့လား "

ထင်ပါသည်။ မေမေ့၏ဆုံးမသြဝါဒတွေက ဒီဘူတာပဲဆိုက်ကပ်တော့မည်ဆိုတာ ကောင်း ကောင်းကြီးသဘောပေါက်သည်မို့ ဘတ်ခ်ဟျွန်းစကားနိုင်ဆက်လုနေလည်းအပိုပဲလေ။

" အချိန်တန်ရင် သူ့အလိုလိုရသွားမယ့်ဟာကိုမေမေက ဘာလို့စိတ်ပူနေတာလဲ "

" ဟဲ့ ပူရမယ်၊ နင့်အတွက်ပူရမယ်။ သူများတွေအချိန်တန်ရင်ရသွားတယ်ဆိုတာ တဖက်လူကိုအထာပေးတတ်လို့၊ဝတ်တတ်စားတတ်လို့၊ ရုပ်ချောလို့ဆိုတဲ့ ဂုဏ်တွေပါတယ်၊နင့်လိုပိုက်ဆံမရှိ ငမွဲငခြောက်တယောက်ကိုဘယ်သူဌေးကမှ ​ခြေတော်တင်မနေဘူး၊ သဘောပေါက် "

ဘတ်ခ်ဟျွန်းရဲ့ တနေ့တာလုံးကိုနှောက်ယှက်နေတဲ့ကိစ္စရပ်တွေထဲမှာ မေမေ့နှုတ်ဖျားကထွက်တဲ့စကားလုံးတွေကိုနားထောင်ရတဲ့အ ခိုက်အတန့်က အဆိုးဝါးဆုံးဖြစ်သည်။

တအိမ်လုံးရဲ့အောက်ခြေသိမ်းကိစ္စအဝဝကို ဘတ်ခ်ဟျွန်းမညည်းမညူလုပ်ပေးရသော် လည်း တစက်လေးမှလည်း အကောင်းမြင်မခံရတဲ့ဘဝမှာနေရပါများလာတော့ မွန်းကြပ်ပြီးနေ ရာသစ်ဆီကိုပြေးထွက်သွားချင်မိတဲ့စိတ်ဆန္ဒတစုံ ဘတ်ခ်ဟျွန်းရင်ထဲအမြဲရှိနေ သည်။

" ရုပ်ရည်ကလည်းမရှိ၊ ပိုက်ဆံကလည်းမရှိ၊ အိုက်ဂူး .. ရင်လေးတယ်။ နင့်လိုဘာမှမရှိတဲ့လူကို ဘယ်လိုလုပ်ငန်းရှင်တွေက ခခယယလာကြိုက်ပါ့မလဲ "

" တော်ပါပြီဗျာ၊ ကျွန်တော်စိတ်ညစ်လာပြီ၊ ထပ်မပြောပါနဲ့တော့ "

" အားအားရှိ ကလေးတွေနဲ့သွားအချိန်ဖြုန်းနေမယ့်အစား ကိုယ်နဲ့သင့်တော်မယ့်အိမ် ထောင်ဖက်ထွက်ရှာပါလား။ အကျိုးမယုတ်ပါဘူး ငါ့သားရယ်။ လုပ်ငန်းရှင်သူဌေးကိုသာ အပီကပ်နိုင်ရင် မေမေတို့မိသားစုကိုဆင်းရဲတွင်းထဲကနေ ကယ်ထုတ်နိုင်မှာ "

SauceBerry [ COMPLEDED ]Donde viven las historias. Descúbrelo ahora