လက်ရဲဇက်ရဲ တဇွတ်ထိုးကောင်

2.3K 167 44
                                    

" နော်... Hoseoka... သွားဝယ်ပေးနော်... "

" မသွားပေးဘူးဟာ... စားချင် ကိုယ့်ဟာကို သွားဝယ်... ငါ့လာ မခိုင်းနဲ့ "

ထိုအသံတွေသည်က လမ်းကြားထဲက လမ်းလျှောက်လာသော ကောင်လေး နှစ်ယောက်ဆီက... အရပ်နည်းနည်း ပိုမြင့်သည့် ကောင်လေးက သူ့ထပ်ပုပါသော ကောင်လေး၏ လက်ကိုဆွဲကာ ချွဲသလို ပြောနေခြင်း...

" ရားးး မင်းပြောတော့ ငါ့ကိုချစ်တယ်ဆို! ဘာလို့ ငါခိုင်းရင် မလုပ်လဲ "

အရပ်မြင့်သည့် ကောင်လေးက ဆွဲထားသည့်လက်ကို ဖြုတ်ချကာ ခြေဆောင့်သလို ဆိုတော့ အရှေ့က ကောင်လေးကလည်း ဆူပုတ်ပုတ် မျက်နှာနှင့် ပြန်လှည့်လာကာ...

" Kim Seokjin! အိမ်မှာ အမေတို့ စောင့်နေပါတယ်ဆို မကြီးမငယ်နဲ့ မရစ်စမ်းနဲ့ကွာ... "

" ခွေးကောင်! နောက်မှ ငါ့ကို... ကိုကိုရေ ကျွန်တော့်ကို စဥ်းစားပေးပါ ဆိုလို့ကတော့ စောက်ခွက် ဖြတ်ရိုက်မှာ! "

ပြောချင်တာပြောပြီး မဲ့ရွဲ့ကာ ထွက်သွားသော Seokjin ကို ကြည့်ကာ Hoseok မှာ သက်ပြင်းချသည်... ဒီကောင် အဲ့နိုင်ကွက် တစ်ခုတည်းနဲ့ အနိုင်ကျင့်နေတာ...

သို့ပေမယ့် ချစ်နေရသူမို့ ဒီအကျင့်မကောင်းတဲ့ သူငယ်ချင်းလေးကို သူကဘဲ ပြာပြာသလဲ ချော့ရတော့သည်...

" ဟဲဟဲ... အသဲတုန်းကလည်းးး စိတ်မဆိုးပါနဲ့ ဒီအချိန်ကြီး တော့ပိုကီ ဝယ်လို့မရဘူးလေ... နောက်မှ မောင်က များကြီး ဝယ်ကျွေးမယ်လေနော်... "

ပုခုံးကို နောက်က သိုင်းဖက်ကာ နှုတ်ခမ်းဆူပြီး ပြောသော Hoseok အား Seokjin မကြည်စွာဖြင့် ဗိုက်ကို တံတောင်နဲ့ တွတ်ထည့်လိုက်သည်...

" အ့! မောင် နာတယ်လေ အသဲတုန်းရဲ့! "

" ယီးကို အသဲတုန်း!? အကြီးကို အကြီးမှန်း မသိတဲ့ကောင်! လာမခေါ်နဲ့ လစ်! မင်းကို တစ်သက်လုံး အဖြေပြန်မပေးဘူး! "

တကယ် စိတ်ဆိုးသွားဟန်ဖြင့် မော်ချီကာ ထွက်သွားသော သူငယ်ချင်း ခရက်ခ် လေးကိုကြည့်ကာ Hoseok ခေါင်းကုပ်သည်... ဒီကောင် ဒီတလောမှ စိတ်ဆိုးလွယ်လာတာဘဲ...

ချစ်တော့ချစ်တယ်! အလိုမလိုက်ဘူး!Where stories live. Discover now