" ပျင်းတယ်~~ ပျင်းတယ်~~ "ဤသည်မှာ Jung Hoseok တစ်ယောက် အိပ်ရာပေါ်တွင် ဟိုဘက်ဒီဘက် လှိမ့်ကာဖြင့် အော်နေသော အသံဖြစ်သည်။ လူမှာ ပျင်းလွန်းလို့ အရည်ညှစ်ချလို့ ရနေပြီ၊ ဘာလုပ်လို့ ဘာကိုင်ရမယ်က မသိ... ဟိုဘက်အိမ်က Kim Seokjin ကိုတော့ သွားမခေါ်ချင်၊ ထိုကောင်က သူ့ကို စိတ်ဆိုးနေတာကြောင့် အိမ်မလာနဲ့ ဆိုကာ ကောက်နေပါသည်...
" သူ စိတ်ဆိုးတိုင်း ငါက မသွားစရာ? "
ဒါကတော့ ငေါက်ခနဲ ထထိုင်ကာ ခပ်ချဥ်ချဥ် ပြောမိသော စကား... 'ဒါပေမယ့်လည်း တကယ်ကြီး စိတ်ဆိုးသွားတာကို...' ထိုအတွေးပြီးတော့လည်း အိပ်ရာပေါ်သို့သာ နောက်တစ်ခေါက် ထပ်အိပ်ချရပြန်သည်။ Seokjin က စိတ်ဆိုးလွယ်သလို စိတ်ပြေလည်း လွယ်ပေမယ့် ဒီတစ်ခေါက်ကတော့ အတည်ကြီး စိတ်ဆိုးသွားသည်ထင်...
" ဘာလို့များ အဲ့လောက် အကြာကြီး စိတ်ဆိုးရသလဲ? မကောင်းတဲ့အကောင်! "
ထုံးစံအတိုင်း ထိုကောင့်ကို ဆဲရေးလိုက်ကာ သွားချော့ချင်နေသော စိတ်ကို ချုပ်တည်းလျက် မျက်နှာထားကို မော်ချီကာ အိမ်အောက်ဆင်းလာလိုက်သည်။ လှေကားရင်းနား ရောက်တော့ တွေ့လိုက်ရသည်က Kimchi ဘူးကြီးပိုက်ပြီး အပြင်ထွက်ဖို့ ပြင်နေတဲ့ မေမေ...
" မေမေ! "
" ဟဲ့ ပလုတ်တုတ်! အလန့်တကြားနဲ့ Jung Hobi ရယ်... ဘာဖြစ်တာလဲ? "
မိခင်၏ စိတ်မရှည်စွာ မျက်မှောင်ကြူတ်နေသော စိတ်ဆိုးတော့မည့် အမူအရာကြောင့် Hoseok မှာ ဆူခံထိမည့် ဘေးကလွတ်အောင် လှေကားကို တစ်ဆင့်ချင်း ဖြည်းဖြည်း ဆင်းလိုက်ရင်း...
" ဟီးးးး ဘယ်သွားမလို့လဲလို့ မေးမို့... မေမေ ထွက်သွားမှာ စိုးလို့ "
" ဘယ်မှမသွားပါဘူးးး ဟိုဘက်အိမ်ကို ဒါသွားပို့- "
" သားသွားပို့မယ် မေမေ! သားသွားပို့မယ်!! "
လှေကားထစ်တွေကို ဖြစ်သလို ကျော်ဆင်းလာသော Hoseok အား Jung မေမေမှာ မယုံမကြည်နှင့် ခန္ဓာကိုယ်ကို အနောက်ဆုတ်ကာ အကဲခတ်သည်။ ဒါတွေကို ဂရုမစိုက်နိုင်စွာ Hoseok မှာတော့ မေမေ့လက်ထဲက Kimchi ဘူးကြီးကို လက်လွှဲယူလိုက်ရင်း အိမ်ပြင်ထွက်တော့သည်...
أنت تقرأ
ချစ်တော့ချစ်တယ်! အလိုမလိုက်ဘူး!