အခွင့်အရေးသမား ကလန်ကလားကောင်

988 113 37
                                    

" ဟာ! မင်းဘာလို့ ရစ်နေတာလဲ!? "

" ဘာလဲ? ချစ်တုန်းကတော့ နင်ဘဲချစ်ပြီး ရစ်ရင်တော့ ငါမရစ်ရဘူးလားးး ဟမ်!? "

" ဆိုင်လို့လားးး ချစ်တာနဲ့ ရစ်တာဆိုင်ရင် အီကွေတာ ပတ်ပြီး ကြိုးချည်နေလိုက်! "

" အော်... နင်က အခုတော့ အဲ့လိုပြောထွက်ပြီပေါ့လေ... စကြိုက်တုန်းက သူဘဲ ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ ဆိုပြီး အညွန့်ကျိုးနေအောင် ကန်တော့တာ ဘယ်ကောင်လဲ? "

" အဲ့တုန်းက မင်းကဒီလို ပြောရဆိုရ လက်ပေါက်ကပ်တဲ့ လူမှန်း မသိလို့လေ... အခုတော့များ စုန်းမကို နေလှန်းထားတဲ့ရုပ်နဲ့ ချစ်ချင်စရာ ကောင်းလားး ကောင်းလားး "

" နင်! နင်! ပြတ်မယ်ဟာ ပြတ်မယ်! ငါ့ရှေ့ ဘယ်တော့မှ ပေါ်မလာမိစေနဲ့ စောက်ကောင်!!! "

" အေးးး ငါကလည်း စုန်းမ နေလှန်းကို အခါတစ်ရာမက ပြတ်တယ်!!!! "

ပြောပြောဆိုဆိုနှင့် လက်ညိုးငေါက်ငေါက်ထိုးကာ ထွက်သွားသော အတွဲကို ကြည့်ပြီး Seokjin နှင့် Hoseok မှာ တံတွေးမြိုချလိုက်သည်... ယခုက ပိတ်ရက်မို့ အတွဲတွေ ပြည့်နေတဲ့ ပန်းခြံမှာ နှစ်ယောက်သား အလုပ်မရှိ အတွဲလာချောင်းခြင်းးး

" Hoseok! ငါတို့လည်းတွဲတာ ကြာလာရင် အဲ့လိုဖြစ်မှာလားဟင် "

Cola ခွက်ကို လက်ကကိုင်ကာ တပြွတ်ပြွတ်နှင့် စုပ်နေပြီး မျက်လုံးကို အပေါ်လှန်ကြည့်လျက် တွေးဆဆ မေးပါသော Seokjin ကြောင့် Hoseok မှာ ဘေးသို့လှည့်ကာ ဘုကြည့် ကြည့်လိုက်သည်...

" မဖြစ်နိုင်ပါဘူးးး ငါတို့က တွဲမှ မတွဲတာ "

ပုခုံးလေးတွန့်ပြကာဖြင့် ရှိသမျှ ခါပစ်ပြီး အရှေ့က ဦးဆောင် ထွက်သွားပါသော Hoseok ကို ကြည့်ကာ Seokjin သက်ပြင်းချသည်... သောက်ဂျပုကောင်က အိစိအိစိ ကိစ္စကို ယခုထက်ထိ အခဲမကြေသေးးး

မဟုတ်ပါဘူး ဟု အာပေါက်မတတ် ရှင်းပြသော်လည်း သိတယ် ဆိုတဲ့ တစ်ခွန်းတည်းနဲ့တင် ပြီးသွားကာ တွဲမလားဆိုတော့ ခေါင်းကို စက်တပ်ပြီး ခါသည်... ဘာလဲ ဒါ သူဝဋ်ပြန်လည်နေတာလား?

ရုပ်က ကမ္ဘာကြီးကို ကယ်တင်ထားနိုင်လောက်အောင် ချောနေပေမယ့်လည်း မြင်မြင်ချင်း ချစ်ခဲ့ရသည့် ကောင်လေးဆီမှာတော့ Seokjin အချေခံနေရပါသည်... ဝဋ်ကျွေးရှိသမျှ ခံရတာပေါ့ကွာ...

ချစ်တော့ချစ်တယ်! အလိုမလိုက်ဘူး!Tempat cerita menjadi hidup. Temukan sekarang