လူမစည်အပ်တဲ့ ဆေးရုံဆေးခန်းလိုနေရာတွေမှာ လူအများအပြား ခြေချင်းလိမ်နေတဲ့အနေအထားမျိုးကို Minho သိပ်မုန်းတယ်။ ဒီလိုနေရာမျိုးမှာ ပင်ပန်းနွမ်းလျမှုအပြည့်နဲ့ သူရှိနေရတာကို ပိုလို့တောင် မုန်းမိတယ်။
သတိအာရုံ ကင်းလွတ်ပြီး ဆေးရုံကုတင်ပေါ် ရှိနေတဲ့ ဖေဖေ့ကို လာကြည့်တယ်ဆိုပေမဲ့ အမြဲလိုလိုဩဇာညောင်းနေခဲ့တဲ့ဖေဖေ့ရဲ့ အရုပ်ကြိုးပျက်အနေအထား၊ ကုတင်ဘေးဘာမှမဖြစ်သလိုထိုင်နေပေမဲ့ တကယ်တမ်းကျ ဝမ်းနည်းအားလျော့နေတဲ့ မေမေ့ရဲ့ပုံစံ၊ ဒါတွေကိုသူကြည့်မနေချင်တာကြောင့် အခန်းပြင်က ခုံတန်းရှည်ပေါ် စိတ်ပျက်လက်ပျက်ထိုင်နေမိတယ်။
ကိုယ့်ကိုကိုယ်ဟုတ်လှပြီလို့ထင်ထားခဲ့ပေမဲ့ အခက်အခဲကြားထဲရောက်လာတဲ့အခါ ဖေဖေ့အကူအညီမပါဘဲ တစ်ယောက်တည်းရုန်းကန်ရခြင်းဟာ သူ့ကိုဒုက္ခတွင်းထဲဆွဲချနေတယ်လို့ခံစားရတာကြောင့် စိတ်ပျက်မိတယ်။ တစ်ဦးတည်းသော ဆက်ခံသူဆိုတဲ့ ဂုဏ်ပုဒ်ဟာ သူ့ကိုပိုလို့တောင် ဝန်ပိစေသလိုပဲ။
"ရော့...အိပ်ရေးပျက်ထားတယ်မလား။ အလုပ်ပြန်သွားရဦးမှာဆို နည်းနည်းလန်းနေအောင် ဒါလေးသောက်ထား။"
ရေငွေ့ပျံချင်နေတဲ့ Iced Americano တစ်ခွက်ကို သူ့ရဲ့ပါးပြင်မှာလာကပ်ရင်းပြောတဲ့ အဖြူရောင် ဂျူတီကုတ်နဲ့ကောင်ငယ်လေးကို သူမော့ကြည့်တော့ သူ့ကိုအားပေးနိုင်ဖို့ အတောက်ပဆုံးဖြစ်အောင် ကြိုးစားပြုံးပြနေလေရဲ့။
ကောင်ငယ်လေးရဲ့လက်ထဲက Coffee ခွက်ကိုယူပြီး တစ်ငုံငုံတော့ Jisung ကသူ့ဘေးနားဝင်ထိုင်ရင်း ပါးပြင်ပေါ်တင်ကျန်နေတဲ့ ရေစက်ကလေးအချို့ကို လက်မနဲ့ဖိသုတ်ပေးတယ်။
ပြီးနောက်တော့ သူ့ရဲ့ညာဘက်လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာတယ်။
"ကျွန်တော့်ပုခုံးကိုမှီပြီး ခဏနားနေပါလား။"
Minho မငြင်းဆန်မိ။ Jisung ရဲ့ပုခုံးတစ်ဖက်ပေါ် ခေါင်းတင်ပြီး မှီလိုက်တော့ နှလုံးသားဟာ အလိုလိုအားပြည့်သွားသလိုပဲ။
YOU ARE READING
Payphone || Minsung Short Story||
FanfictionFirst, he believes in fairytales but he does not. Then, his belief starts to fade away and he starts to believe. Now,they both believe.