မြောက်ဘက်ပိုင်းမှ မြို့တော်သို့ ခရီး သည် ရှည်လျားပြီး အချိန်ကုန်မည် ဖြစ်သောကြောင့် အလုပ်များစွာ ကျန်နေသေး သည်။ထို့ကြောင့် သူသည် တစ်နေ့လုံး အလုပ်ရှုပ်နေရသည်။
ပြီးနောက် လန်းနက်စ်သည် တွန့်ဆုတ်စွာပြောခဲ့လေသည်
–နေ့လည်ကြမှ ဒီအကြောင်းကို ဆက်ပြောရအောင်..
–အင်း..နောက်မှပေါ့။
ဂျူးလိယက်သည် နောက်ဆုံးအထိ သူမနှုတ်ခမ်းပေါ်ကအပြုံးယဲ့ယဲ့ဖြင့် မြို့စားမင်းအားပြန်ဖြေလိုက်လေသည်။
သို့သော် မြို့စားမင်းအိပ်ခန်းထဲမှ ထွက်သွားပြီး သူ့အားတံခါးဖြင့်ကွယ်သွားချိန်တွင် သူမ မျက်နှာထက်တွင် အပြုံးများကွယ်ပျောက်သွားလေသည်။ဂျူးလိယက်သည် အရုပ်ကြိုးပျက်သလို ပြိုလဲကျသွားခဲ့သည်။
–ရပါတယ်၊အဆင်ပြေမှာပါ၊ငါအကောင်းဆုံးလုပ်ခဲ့တာပဲ....
တစ်ယောက်ထဲကျန်ခဲ့တဲ့အချိန် ဂျူးလိယက်သည် သူမ၏ဖြူဖျော့နေသော မျက်နှာကို သူမလက်များဖြင့် အုပ်ကိုင်ထားလေသည်။သူမ အလွန် တုန်လှုပ်နေသဖြင့် လက်ဖျားများပင် တုန်သွားသည် ။သူ့မျက်တောင်အရင်းမှ မျက်ရည်များ ထွက်လာပြီး အလင်းရောင်ထဲတွင် ပြောက်လက် တောက်ပနေသည်။ဒါပေမယ့် အခုချိန်မှာတော့ စိတ်ကူးယဉ်ဆန်မှုဟာ ဇိမ်ခံဖို့တောင် မတတ်နိုင်ခဲ့ပါလေ။
အသက်ပြင်းပြင်းရှူရင်း ဂျူးလိယက်သည် အိမ်အကူကိုမစောင့်ဘဲ အဝတ်လဲခန်းထဲသို့ တန်းတန်းမတ်မတ်ပြေးသွားခဲ့သည်။
ဧည့်သည်ကိုလိုက်ပို့ပြီးနောက် မြို့စားမင်း၏အတွင်းရေးမှူး အဲလိယက်သည်စံအိမ်၏ပင်မအဆောက်အဦးမှထွက်ခွာသွားသော ဂျူးလိယက်ကို မတော်တဆမြင်လိုက်လေသည်။
လမ်းလျှောက်ရန်အတွက် သင့်လျော်ပြီးသပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားသော ဂျူးလိယက်သည် မြို့စားမင်း၏ ရထားလုံပေါ်တွင် ထိုင်ဖို့ပြင်နေသည်။ သူမအစောကြီးထဲက တစ်နေရာရာသွားဖို့လုပ်နေတာများလား?..
–တစ်နေရာရာကိုသွားမလို့လား သခင်မလေး?
–ဟုတ်တယ်၊ ကျွန်မ ဘုရားကျောင်းကိုသွားလည်ချင်လို့၊အဲလိယက်အတွက်လည်း နှစ်သစ်မှာ ကံကောင်းဖို့အတွက်ဆုတောင်းပေးခဲ့မယ်လေ။
YOU ARE READING
အာဏာရှင်မြို့စားရဲ့ဂျူးလိယက်(mm translation)
Historische Romaneကျွန်မရဲ့မွေးနေ့မှာ ကျွန်မတစ်ကယ်လိုချင်နေတဲ့အရာတစ်ခုရှိတယ် အဲ့တာကဘာလဲ ရှင်နားထောင်မယ်လို့ကတိပေးမလား။ ထို့နောက် ထိုလူကကျယ်လောင်စွာရယ်သည်။ဒါပေမယ့် ဧကရာဇ်ကိုတောင် မကြောက်တဲ့ မြောက်ပိုင်းမြို့စားက သူ့ရဲ့ မာနကို ဘယ်သူက ထောက်ပြဝံ့မလဲ။ သူသာဆန္ဒရှိလျှင်ထီးန...