Chapter 2 part 1

404 30 0
                                    

လန်းနက်စ် ကာလိုင်းသည် သမိုင်းဝင်မိသားစုတစ်ခု၏ ဆက်ခံသူအဖြစ် မွေးဖွားလာခဲ့သည်။

မြောက်အရပ်ကို အုပ်စိုးသော  ကာလိုင်းမြို့စားသည် များပြားလှ‌သော စည်းစိမ်နှင့် ကြီးမားသောတန်ခိုးကို ကြွားဝါသော်လည်း သူ၏မိသားစုဇာတ်လမ်းမှာ သွေးများဖြင့် စွန်းထင်းခဲ့လေသည်။

အမွေဆက်ခံသူအဖြစ် မွေးဖွားလာသော သူ့မှာတော့  ခြွင်းချက်မရှိပေ။

ပထမဦးဆုံး လူသတ်ခဲ့ချိန်မှာတော့ သူသည် ကိုးနှစ်အရွယ်သာရှိသေးသည်။ဖခင်ဖြစ်သူ မြို့စားကြီး ကွယ်လွန်သွားသောအခါတွင် သူ၏  အာဏာမက်သော ဆွေမျိုးများက ငယ်ရွယ်သော ဆက်ခံသူ သူ့အား မြင်းစီးကာ စစ်မြေပြင်သို့ မောင်းထုတ်ခဲ့လေသည်။

ဆန့်ကျင်ဘက်စစ်တပ်သည် စစ်မြေပြင်ကို လျင်မြန်စွာ ကွင်းဆင်းပြီး ၉ နှစ်အရွယ်ကလေးငယ်သည် ၎င်းနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ထို့နောက် အခြားမည်သူမျှ သူ့ကို မတွေ့ရတော့ဘဲ သေသွားပြီဟု လူတိုင်းက ဆုံးဖြတ်ခဲ့ကြသည်။အနည်းဆုံးတော့ လူတိုင်းက ဒီလိုပဲ ထင်ခဲ့မိတာ။

10 နှစ်အကြာတွင်၊ အနီရောင်မျက်လုံးနှင့်လူငယ်သည်  ရှုံးပွဲမရှိသော စစ်တပ်တစ်ခုဖြင့် ပြန်လာခဲ့‌လေသည်။ ဘုရင်ခံနယ်ပယ်ထဲမှ ထွက်ခွာသွားသော လူငယ်လေးသည် စစ်သူရဲကောင်းအဖြစ် ပြန်လာခဲ့လေသည်။ဒါဟာ လွန်ခဲ့သော10နှစ်အတွင်း သူ၏ ပထမဆုံးအကြိမ်ပြန်လာခြင်းဖြစ်လေသည်။

'ကရုဏာ' ဟူသော ဝေါဟာရနှင့် မရင်းနှီးသော သူ၏စစ်တပ်သည် မြောက်ပိုင်း ဘုရင်ခံနယ်ပယ်ကို လျင်မြန်စွာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် လန်းနက်စ် ကာလိုင်း ၏တရားဝင်မှု သို့မဟုတ် အရည်အချင်းများကို မည်သူမျှ
မပြောရဲကြပေ။

ပြီးတော့ မြို့စားမင်းရဲ့ အနက်ရောင်ဆံပင်နဲ့ မျက်လုံးနီရဲတဲ့ လက္ခဏာတွေတင်မကဘဲ သူ့အာဏာကို သံသယဝင်တဲ့ ဆွေမျိုးသားချင်းအားလုံး လက်ဖြတ်ခံခဲ့ရတာတွေလည်း ပြုလုပ်ခဲ့လေတယ်။.

ထိုနေ့မှစ၍  ကာလီမြို့စားလူငယ်အား အခြားမည်သူမျှ ကဲ့ရဲ့ခြင်း သို့မဟုတ် ဒေါသမထွက်ရဲကြပေ။

အာဏာရှင်မြို့စားရဲ့ဂျူးလိယက်(mm translation)Where stories live. Discover now