Chapter 1 part2

430 34 2
                                    

တစ်နှစ်မှာတစ်ရက်သာရှိတဲ့မွေးနေ့၊အဲ့နေ့လေးမှာတော့ ဂျူးလိယက်သူ့ကိုတစ်ခုခုမေးနိုင်ရမယ်။

ခဏအကြာမှာ ဂျူးလိယက်ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။

—ဟုတ်တယ်၊မှန်တာပေါ့ ကျွန်မရဲ့မွေးနေ့လက်ဆောင်အကြောင်းပြောမလို့ပါ။

သူမမျက်နှာရဲ့ရုတ်တရက်ပြောင်းလဲသွားပုံကိုအာရုံမစိုက်ဘဲ မြို့စားမင်းကသူ၏ဆံပင်ကိုသာသပ်တင်လိုက်လေသည်။ဒီစကားဝိုင်းကိုလည်းတဖြည်းဖြည်းစိတ်ဝင်စားမှုပျက်လာလေသည်။

ဒါဟာဒေါသထွက်ရလောက်တဲ့ရိုးရှင်းတဲ့အမူအရာဖြစ်ပေမယ့်လည်းဒီ့ထက်တောင်
အန္တာယ်ရှိနိုင်ပါသေးတယ်။

—မင်းဘာလိုချင်လဲ ငါ့ကိုပြောပါ

ချက်ချင်းပြန်ဖြေမယ့်အစား ဂျူးလိယက်က      မရည်ရွယ်ဘဲ ရယ်မောလိုက်တယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်က သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းကလည်း ဒီလူက ဒီလိုပဲပြောခဲ့တာပါပဲလေ။

—လက်ထပ်တာကလွဲလို့ မင်းလိုချင်တာကိုပြောလို့ရတယ်။

ထိုအချိန်တွင် သူ၏ မာနကြီးသော အပြုအမူကို ရွံရှာသဖြင့် သူမသည် အခြေအမြစ်မရှိသော တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။သို့သော် ဂျူးလိယက် ၏ ချစ်သူသည် သူမအတွက် လုံးဝလက်လှမ်းမမီခဲ့ပေ။

သူ့အတွက်၊ သူမသည် သူမတောင်းဆိုသမျှအတိုင်း စိတ်အနှောက်အယှက်ဖြစ်ရင်းကို စိတ်အနှောက်အယှက်ဖြစ်စေသည်။
ဂျူးလိယက်ကထက်မြတ်တယ် အဲ့အတွက်ကြောင့် အဲ့တာကိုနားလည်ရန်အချိန်အကြာကြီးမလိုပေ။

သူကမျက်တောင်တစ်ချက်မခတ်ဘဲ အေးအေးဆေးဆေး လျစ်လျူရှုနိုင်သည်ကို သူမသိသည်။ ဂျူးလိယက်သည် အခြားသူများထက် သူ့အကြောင်းပိုသိ‌လေသည်။

—ဒီနှစ်တော့ ကျွန်မလိုချင်တာကို လိုက်လျောပေးပါ၊လက်ဆောင်မပေးစေချင်ဘူး။

—ဝန်ဆောင်မှုလား?

—ဟုတ်တယ်။
အနည်းငယ်တုန်လှုပ်သွားပြီး သူမဆက်ပြောခဲ့တယ်။

—ကျွန်မပြောတာကို ရှင်နားထောင်မယ်လို့ ကတိပေးနိုင်မလား။

ဂျူးလိယက်၏ အလွန်အလေးအနက်ထားပြီး ပြောဆိုသံသည် ကာလိုင်းမြို့စားမင်း၏ နှုတ်ခမ်းကို ပထမဆုံးအကြိမ် ပြုံးသွားအောင်လုပ်လိုက်ခြင်းဖြစ်သည်။ပုံမှန်အားဖြင့် သူ၏ ကြမ်းတမ်းသော ပါးစပ်သည် ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ကွေးညွတ်သွားလေသည်။

ဒါပေမယ့်ဒါဟာ လုံးလုံးလျားလျား သရော်လှောင်ပြောင်မှုတစ်ခုဖြစ်သည်။ သို့သော်  ကာလိုင်းမြို့စားမင်း ၏ မောက်မာမှုကို မည်သူမျှ ထောက်ပြဝံ့မည်မဟုတ်ပေ။ သူသည် ဧကရာဇ်မင်းမြတ်ကိုပင် မကြောက်ခဲ့ပေ။ လန်းနက်စ် ကာလိုင်း၏ရာထူးသည်
သူသာဆန္ဒရှိရင် ထီးနန်းကိုပါရယူနိုင်စွမ်းရှိလေသည်။ ဒါပေမယ့် ဒါဟာ ချစ်သူရဲ့မွေးနေ့ဆုတောင်းတစ်ခုပဲလေ။

—“okay(ဟုတ်ပြီ)ငါ ကျိန်ဆိုတယ်”
လန်းနက်စ် က ခြောက်ကပ်စွာပြောလိုက်တယ်။

သူသည် လှောင်ပြောင်ရန်အတွက် သူမနှင့် ကစားနေပုံရသော်လည်း ဂျူးလိယက် အတွက် လုံလောက်‌လေသည်။

—ကျေးဇူးပါ မြို့စားမင်း။ကျွန်မ........

ဂျူးလိယက် သည် ချစ်စရာကောင်းစွာ ပြုံးပြီး တမင်တကာ ဖြည်းညှင်းစွာ မျက်တောင်ခတ်လိုက်‌လေသည်။ထိုအရာအားလုံးသည် အချစ်၏သွင်ပြင်ကို အနည်းငယ်ပို၍ထိန်းထားရန်သာဖြစ်သည်။

သို့သော် ခနအကြာတွင် သူမ၏ နှုတ်ခမ်းများမှထွက်လာသော တောင်းဆိုမှုသည် လန်းနက်စ် ကာလိုင်း ၏မျှော်လင့်ချက်အားလုံးကို ရိုက်ချိုးခဲ့လေသည်။

—ကျေးဇူးပြု၍ ကျွန်မနဲ့လမ်းခွဲပေးပါ။

—.....ဘာ!..

ဂျူးလိယက်သည်တောက်ပစွာပြုံးလိုက်ပြီး အပြစ်ကင်းစင်သောမျက်နှာဖြင့် ဆက်ပြောလေသည်။

—ကျွန်မတို့ကြားမှာ ဖြစ်ခဲ့တဲ့အရာတွေအားလုံးကို အဆုံးသတ်လိုက်ကြရအောင်....

************************************

အာဏာရှင်မြို့စားရဲ့ဂျူးလိယက်(mm translation)Where stories live. Discover now