Ep-17

832 131 16
                                    

Zawgyi

အိမ်ပြန်လာသည့်လမ်းတစ်လျှောက်လုံး ဟယ်ဂျင်း အံကိုတင်းတင်းကြိတ်ပြီး မျက်ရည်မကျအောင် ထိန်းလျက်သာ လမ်းလျှောက်လာခဲ့သည်။မိုးသက်လေပြင်းကျရောက်တော့မည့်အလား ကောင်းကင်ကလည်း အုံ့မှိုင်းလို့။မကြာမီ မိုးရွာတော့မည်ဆိုလျှင် ထီးမပါလာသော သူအရင် ဒုက္ခရောက်မှာပင်။

"မေ့လိုက်ရအောင် စိတ်ဆင်းရဲခံမနေနဲ့"

မိုးကပိုပိုအုံ့လာပြီး လေတွေကလည်း တရှဲရှဲတိုက်ခတ်လာတာကြောင့် ခြေလှမ်းတွေကို သွက်သထက်သွက်အောင် လျှောက်နေမိသည်။ရွာချလိုက်လျှင် မဖြစ်ချေဟုတွေးကာ အိမ်ကိုသာ မြန်မြန်ရောက်အောင် သုတ်ခြေတင်လျှောက်နေရခြင်း။

ဂျွန်ဂျောင်ဂု၏ "သူငယ်ချင်းထက်ပိုတဲ့ ခံစားချက် မရှိဘူး"ဆိုသောစကားက သူ့နားထဲရော ဦးနှောက်ထဲရောပါ အနှေးပြကွက်ဖြင့် ပြနေသည့်အလား ပြတ်ပြတ်သားသားနှင့် ထပ်ခါထပ်ခါကို ကြားယောင်နေတာကြောင့် မျက်ရည်က ပေါက်ခနဲကျလာတော့သည်။

"မုန်းလိုက်တာ"

ထိုစဉ် ကောင်းကင်ပေါ်မှ မိုးရေစက်များဟာ တဝေါဝေါရွာသွန်းလာတာကြောင့် သစ်ပင်အောက်တွင် မိုးဝင်ခိုရင်း ဟိုကြည့်ဒီကြည့်လုပ်နေမိသည်။ဒီအချိန် တစ်ယောက်ယောက် ထီးလေးလာပေးရင် ကောင်းသားဟု ဗလောင်းဗလဲတွေးမိလိုက်သေးသည်။

မိုးရွာရင် သိပ်ကိုချမ်းတာပဲ။သူက အချမ်းဒဏ်မခံနိုင်သူဖြစ်တာကြောင့် နည်းနည်းလေးရွာလိုက်တိုက်လိုက်ရင်တောင် ခိုက်ခိုက်တုန်နေပြီ။

ဒီကအပြန်တော့ ဖျားဦးမည်ထင်သည်။

*ငါ့နှယ် အငြင်းခံရလိုခံရ၊ထီးမပါလို့ မိုးမိလိုမိရနဲ့*

မိုးတွေခြိမ်းပြီး လေတွေကလည်း ခုနကထက်ကို ပိုပြီး ခပ်ပြင်းပြင်းတိုက်လာတာကြောင့် သူနားနှစ်ဖက်ကို လက်ဖြင့် အုပ်ပြီးထိုင်ချမိလိုက်သည်။ဒီနေရာမှာ မိုးကြိုးသာပစ်ခံရရင် မသဂြိုဟ်လိုက်ရဘဲ သေသွားမှာပင်။

ထိုအခါမှာတော့ သူဝင်ရပ်နေသည့် သစ်ပင်ကြီးဟာ လေကြောင့် ယိမ်းထိုးနေပြီး သစ်ကိုင်းကြီးကြီးတစ်ကိုင်းဟာ လေနဲ့အတူလွင့်လာကာ သူ့မျက်နှာတည့်တည့်ဆီ ပျံလာတာကြောင့် တစ်ဖက်လှည့်ပြီး ကျောဖြင့်ကာလိုက်စဉ်မှာပဲ လက်ကိုစွေ့ခနဲအဆွဲခံလိုက်ရသော ခံစားချက်ကို ရလိုက်သည်။

Moment Of Eighteen(JJK)✔️Tempat cerita menjadi hidup. Temukan sekarang