လွမ်းတယ် လို့ မပြောနိုင်ပေမယ့်လည်း
လွမ်းနေခဲ့မိပါသော အရာအား
" အချစ်ဦး " ဟု သတ်မှတ်နိုင်၏ ။သိပ်ချစ်ခဲ့ကျပါသော လူသားနှစ်ဦး
ဟာ ဝေးကွာသွားခဲ့ကျပြီဖြစ်ပါသည့် တကယ့်လက်တွေ့ အဖြစ်အပျက်တစ်ခု...... ။ဒီဘဝဒီမျှမှာ ခွဲခွာခဲ့ကျရရင်တောင်မှ
နောက်သံသယာ ဘဝဆက်တိုင်းမှာတော့
ကလေးငယ် ဆိုတဲ့လူသားလေးတစ်ဦးကို
စောင့်မျှော်နေပေးမယ် မဟုတ်လား ဂျွန် ။ကလေးငယ်ရဲ့ ရင်ဘတ်လေးအတွင်းတွင်
ပန်းတွေပွင့်လန်းလာခဲ့သည်အထိ ဂျွန့်ဆီက
" ချစ်တယ် " ဆိုတဲ့ စကားလေးကို တစ်ချိန်ချိန်မှာတော့ ကလေးငယ်ဘက်ကတစ်ဝကြီး နားဆင်ခွင့် ရရှိနိုင်လာခဲ့ပါစေသား ။ ။ဒါဟာ ကျနော့်ရဲ့ဆုတောင်းလေးသာ ။
( အဆုံးမဲ့ခြင်း )
တိတ်ဆိတ်ငြိမ်သက်မှုတွေ ကြီးစိုး
နေခဲ့ပါသော ဂျိမ်းစ်စံအိမ်ကြီး၏ မနက်ခင်းအချိန်အခါ၌ ပက်သခင်လေးတစ်ယောက် သူ့ရဲ့ အခန်းအတွင်းရှိ ကုတင်ခြေရင်းဆီတွင် ကျောမှီကာထိုင်နေခဲ့ပြီး မျက်နှာချင်းဆိုင်က နံရံထက်မှ ပန်းချီကားလေးတစ်ချပ်ကို မှင်သေသေဖြင့် ငေးနေခဲ့မိလေသည် ။ထိုပန်းချီကားလေးဟာ ဂျွန်ကိုယ်တိုင်
ပက်သခင်လေး၏ ၁၈နှစ်ပြည့်သည့် မွေးနေ့အချိန်အခါတွင် လက်ဆောင်အနေဖြင့် ပေးအပ်ထားခဲ့ပါသော ဂျွန့်ဆီက သူရရှိခဲ့သည့် ပထမဦးဆုံး လက်ဆောင်လေးပင် ။ဂျွန်နှင့် ပတ်သတ်လာခဲ့လျှင် ဂျွန်ထိတွေ့ကိုင်တွယ်သွားခဲ့ပါသော ပန်းပွင့်လေးတစ်ပွင့်၏ပွင့်ဖက်မှစလို့ သက်မဲ့အရာဝတ္ထုပစ္စည်းလေးများ အဆုံး အရာခပ်သိမ်းကို ပက်သခင်လေးက ပိုင်ဆိုင်လိုစိတ်ရှိသည် ။
ဂျွန့်ရဲ့ အငွေ့အသက်တွေ ပျော်ဝင်နေခဲ့ပါသော အရာတိုင်းအား သူမြတ်နိုးတန်ဖိုးထားသည် ။ ထို့ကြောင့်လည်း ဒီပန်းချီကားလေးဟာ ပက်သခင်လေး၏ အသက်တမျှ အဖိုးတန်လွန်းလှပါသည် ။
ပက်သခင်လေးက ကံကောင်းခဲ့ပါသည် ။
အနည်းဆုံးသော ဂျွန်ကိုယ်တိုင်ထိတွေ့ထားခဲ့ပါသော သက်မဲ့အရာလေးများအား သူဟာ ပိုင်ဆိုင်နိုင်ခဲ့သည် မဟုတ်ပါလား ။

YOU ARE READING
အဆုံးမဲ့ခြင်း (Completed)
Фанфикကံကြမ္မာဆိုတာကို ယုံကြည်လား ။ (Do you believe in destiny? ) ကံၾကမၼာဆိုတာကို ယုံၾကည္လား ။ (Do you believe in destiny?) (UNI CODE + ZAWGYI CODE )