ခရီးလမ်းတစ်ကွေ့။ ။

1.6K 283 119
                                    

လူသားနှစ်ယောက်ရဲ့ ချစ်ခြင်းတွင်
တစ်ယောက်သောသူ၏ ရီမောသံများကို
ကျန်တစ်ယောက်က မကြားနိုင်တော့လျှင် ၊
တစ်ယောက်သောသူ၏ ငိုကြွေးမှုများကို ကျန်တစ်ယောက်က မျက်ကွယ်ပြုထားခဲ့လျှင် ဝေးကွာခြင်းဆိုသည့် သဘောတရားအား နားလည်လက်ခံပေးရလိမ့်မည် ။     ။

မပြည့်ဝလိုက်တဲ့ တောင်းဆုတွေထက်
တောင်းဆုမခြွေလိုက်ရတဲ့ ဆုတောင်းတွေ
ဟာ ပိုပြီးတော့ ရင်နာစဖွယ်ကောင်းလှ၏ ။

တကယ်တမ်းကျတော့ မင်းဟာ
ဒီဘဝမှာ ကိုယ့်ဘက်က ကျေအောင်ဆပ်သွားခဲ့ရမယ့် ဝဋ်ကြွေးချိုချိုလေးသာ...... ။

( အဆုံးမဲ့ခြင်း )

မကြာသေးခင်အချိန်ကာလကမှ
ဖြစ်ပျက်သွားခဲ့ရပါသော အဖြစ်အပျက်လေးတစ်ခုကြောင့် ဂျွန်နှင့်ပက်သခင်လေး၏ ကြားထဲတွင် မသက်မသာဖြစ်နေခဲ့သည့် လေထုတစ်ခုကသာ စိုးမိုးနေခဲ့ပါသည် ။

ကျွန်းပေါ်သို့ ရောက်ရှိသွားခဲ့ကျပြီ
ဆိုသည်နှင့် နှစ်ဦးသားစလုံးဟာ တူညီသောလမ်းတစ်သွယ်ကိုသာ အတူတကွ သွားနေခဲ့ကျပေမယ့်လည်း သူတို့နှစ်ဦးသား၏ ကြားတွင်တော့ တစ်မိုင်စာလောက် လေဟာနယ်ကြီးဟာ နေရာယူထားခဲ့လေသည် ။

အကြည့်ချင်းမဆုံတွေ့နိုင်ကျတော့ဘဲ
မျက်စံလေးများကို ရောက်တတ်ရာရာဆီသို့ အာရုံလွှဲပြောင်းနေခဲ့ကျပြီး မကြာခဏဟန့်နေခဲ့ပါသော ချောင်းဟန့်သံတွေဟာလည်း တစ်ယောက်တစ်လှည့်စီ ပေါ်ထွက်နေခဲ့၏ ။

ထိုသို့သော အဖြစ်အပျက်မျိုးဟာ
နှစ်ဦးသားလုံးအတွက် ပထမဦးဆုံးအကြိမ်ဖြစ်နေခဲ့ကျသည့်အပြင် ခေါင်းစဥ်တစ်ခုရဲ့အောက်ကနေ ပတ်သတ်ဆက်နွယ်ထားခြင်း မရှိခဲ့ကျတဲ့ ဆက်ဆံရေးကြောင့် သူတို့ကို ပိုပြီးတော့အနေခက်နေစေသည် ။

အထူးသဖြင့် ဂျွန့်ဘက်က ပိုပြီးတော့
တောင်မှအနေခက်ခဲနေခဲ့ရပြီး ကိုယ့်ရဲ့ရုတ်တရတ်ဆန်စွာပြုမူလိုက်မိသည့် အပြုအမူကြောင့် ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့မိပါ၏ ။

" ဂွီ..... "

ညအချိန်ဖြစ်သည့်အပြင် လူသူ
ရှင်းလင်းပြီး လိူင်းပုတ်သံသာကြားနေခဲ့ရတာကြောင့်နှင့် နံဘေးနားက ကလေးငယ်ဆီမှ ထွက်ပေါ်လာခဲ့ပါသော အသံလေးအား ဂျွန်ပြတ်သားစွာကြားလိုက်ရသည် ။

အဆုံးမဲ့ခြင်း (Completed)Where stories live. Discover now