17

3.5K 331 13
                                    

အခန်း - ၁၇ - သမ္မတအိမ်တော်က အစေခံတစ်ယောက်
စာရေးသူ - Nan Yin Yin
ဘာသာပြန်သူ - Emily (KKMJPKJL)

**

အေးချမ်းသော အမူအရာနဲ့ အမျိုးသမီးတစ်ယောက်က သူမမျက်လုံးထဲဝင်လာသည်။ သူမက အဝါရောင်ဂါဝန်ကို ဝတ်ထားကာ လေတိုက်လိုက်တိုင်း လူးလွင့်နေသော ဂါဝန်လေးက သူမကို ပိုပြီး ဆွဲဆောင်မှုရှိစေသည်။

ထိုအမျိုးသမီးနဲ့ ပိုင်ယဲ့ချင်းက ဘေးချင်းကပ်လျှောက်နေသည်။ သူမက သူနဲ့တစ်ခုခုကို ပြောနေဟန်ရှိသည်။ သူ့အမူအရာကတော့ တည်ငြိမ်ယဉ်ကျေးနေသည်။ သူက ခေါင်းညိမ့်ပြီး ထောက်ခံနေရုံသာ။

ခန့်ညားတဲ့အမျိုးသားနဲ့ လှပတဲ့မိန်းမပျို…သူတို့က ပြီးပြည့်စုံတဲ့အတွဲပဲ။

ဒီမြင်ကွင်းကိုကြည့်ပြီး ရှရှင်းချန် သိမ်ငယ်လာသလို ခံစားရသည်။ သူမ ပြတင်းပေါက်ကို ပိတ်ဖို့အတွက် လိုက်ကာကို ပြန်ချဖို့ပြင်လိုက်သည်။ သူမ ဒီမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ပေ။

"အိုး..သူမက ဘယ်သူလဲ?"

ပြတင်းပေါက်ပိတ်ခါနီးမှာ အမျိုးသမီးလေးဆီကနေ အသံကိုကြားလိုက်ရသည်။

ရှရှင်းချန် ငုံ့ကြည့်လိုက်တော့ အောက်ကလူတွေအကုန် သူမကို မော့ကြည့်နေကြသည်။ ရှရှင်းချန်ရဲ့နှလုံးသားက ခုန်ဖို့တောင် မေ့သွားသည်။

အမျိုးသမီးလေးရဲ့မျက်နှာက သံသယအပြည့်နဲ့ဖြစ်သည်။ ပိုင်ယဲ့ချင်းကလည်း သူမကို စိုက်ကြည့်နေသည်။ ဘေးနားက အစေခံလေးကတော့ ချွေးတွေ ခိုးသုတ်နေတော့သည်။

အပေါ်ထပ်ရဲ့ပြတင်းပေါက်ကို ပိတ်ရင်း သူတို့ရဲ့အာရုံစိုက်မှုကို ရလိမ့်မယ်လို့ ရှရှင်းချန် မထင်ခဲ့မိပေ။ သူမရဲ့နှလုံးသားက ခုန်ပေါက်နေပေမဲ့ သူမကတော့ တည်ငြိမ်နေသွင်ကို ယူထားသည်။

အောက်ထပ်မှာ စုန့်ဝေ့ယီက သမ္မတအိမ်တော်မှာ ရုတ်တရက်ပေါ်လာသည့် ရှရှင်းချန်အကြောင်းကို သိချင်နေသည်။ ဘာပဲဖြစ်ဖြစ် သူမ ပိုင်ယဲ့ချင်းကို မကြောက်လန့်ပဲ ချက်ချင်း တိုက်ရိုက်မေးလိုက်သည်။ အစတုန်းက သူမ ပြတင်းပေါက်ကို တစ်ချက်ပဲကြည့်ကာ အာရုံမစိုက်ခဲ့ပေ။

မင်္ဂလာနံနက်ခင်းပါ  Mr.president Where stories live. Discover now