49

2K 190 3
                                    

Chapter-49

Unicode

အခန်း(၄၉) သူမရဲ့အနာဂတ်ခင်ပွန်း
စာရေးသူ - Nan YinYin
ဘာသာပြန်ဆိုသူ - Miracle_Phyu97 (No Noe)

သူမ ဆွံ့အသွားခဲ့ပြီး သူမသားလေး ပြောတဲ့စကားတွေကို ဆက်ပြီးစဉ်းစားနေခဲ့သည်။

သူမ အတွေးဇုန်ထဲကနေ ထွက်လာခဲ့ပြီးနောက်မှာတော့ သူရဲ့နောက်ကျောကိုပဲ မြင်လိုက်ရသည်။ သူမသားပြောပြတဲ့အကြောင်းအရာက အမှန်တကယ်လားဆိုတာကို သိချင်လို့ မေးဖို့ကြံရွယ်သော်လည်း ရှတာ့ပိုင်လေးက လက်နှစ်ဖက်ကိုပွတ် ခါးကိုကွေးပြီး သူသစ္စာဖောက်ပြီး သူမကို‌ပြောပြလိုက်သည့်အကြောင်းကို ထုတ်မပြောဖို့ သူမကိုတောင်းဆိုလိုက်တာကို သတိရမိလိုက်သည်။ သူမသားလေးကို ညှာတာလိုသည့်အတွက်ကြောင့် သူမမေးချင်တဲ့မေးခွန်းကို ထုတ်မေးခဲ့ခြင်းမရှိပေ။

သူ့ရဲ့အနောက်ကိုလိုက်နေခဲ့ပြီး သူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့ပုခုံးပြင်ကြီးကို သူမကြည့်နေရင်း စိတ်ခံစားချက်အမျိုးမျိုးဖြစ်နေခဲ့သည်။

သူမ တစ်လမ်းလုံး စဉ်းစားစရာအပြည့်ဖြစ်နေပြီး လမ့်ဖေးက သူမအတွက် ကားတံခါးဖွင့်ပေးလိုက်တဲ့အချိန်ထိတိုင်အောင် သူမကားပေါ်တက်ဖို့ မေ့လျော့နေခဲ့သည်။ လမ့်ဖေးကပြုံးပြလိုက်ပြီး သူမကို သတိပေးခေါ်ဆိုလိုက်သည်။ “မစ်ရှ” လို့ခေါ်လိုက်တဲ့အချိန်မှပဲ သူမသတိပြန်ဝင်လာခဲ့သည်။

ဟယ်တော့..

သူမ ဒီအထိ တကယ့်ကို သူ့အနောက်လိုက်သွားမိတာပဲ။

“အယ် တောင်းပန်ပါတယ်” ရှရှင်းချန်က အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ သူမအရမ်းရှက်နေခဲ့ပြီး ကားထဲမှာထိုင်နေတဲ့ ပိုင်ယဲ့ချင်းကိုလည်း အကြည့်ချင်းမဆုံရဲဖြစ်နေခဲ့သည်။ အဲဒီနောက်  သူမကို အချိန်ကြာကြာစောင့်ဆိုင်းနေတဲ့ ဒရိုင်ဘာဆီကို ပြန်လှည့်သွားခဲ့သည်။

လမ့်ဖေးက “ကျွန်တော် အခုတလော အရမ်းအလုပ်ရှုပ်နေခဲ့တာနဲ့ မစ်ရှကို ဂုဏ်ပြုစကားပြောဖို့ မေ့လျော့နေခဲ့တယ်” ဟု စကားဆက်လက်ပြောဆိုလိုက်သည်။

ရှရှင်းချန်က သူပြောတာကိုနားမလည်သောကြောင့် သူ့ကို‌ကြည့်ပြီး “ဘာအတွက် ဂုဏ်ပြုတာလဲ။” လို့ မေးလိုက်သည်။

မင်္ဂလာနံနက်ခင်းပါ  Mr.president Where stories live. Discover now