57

1.7K 187 2
                                    

အခန်း - ၅၇ /ညဘက်ဒိတ်/
စာရေးသူ - Nan Yin Yin
ဘာသာပြန်သူ - Emily (KKMJPKJL)

"ဘာဖြစ်လို့လဲ?"

နောက်ဆုံးတော့ သူစကားပြောပြီ။ သူမရဲ့လေးလံနေတဲ့ အသက်ရှူသံက သူ့ကို တစ်ခုခုသတိပေးနေသည်။

"ဘာမှမဟုတ်ပါဘူး"
သူမက သူအဆင်ပြေရဲ့လားလို့ သူ့အသံကို ကြားချင်ရုံလေးသာဖြစ်သည်။

"ဘာမွမဟုတ္ဘူးလား?"

"အင်း..ရှင် အဆင်ပြေရဲ့လား? ရှင် အဖျားလက္ခဏာတွေပြသေးလား။ ခေါင်းမူးသေးလား?"

ဒီတော့မှ သူမက စိတ်ပူလို့ ဖုန်းခေါ်လိုက်မှန်းကို သူ ခန့်မှန်းမိသွားသည်။ အိမ်ဖြူတော်ရဲ့အပေါ်ဆုံးထပ်မှာ ရပ်ပြီး လှပတဲ့မြင်ကွင်းကိုကြည့်ကာ သူမရဲ့နူးညံ့တဲ့အသံလေးကို ကြားနေရတာက ပြီးပြည့်စုံမှုတစ်ခုလို့ သူတွေးလိုက်သည်။

"ကိုယ့်အတွက် စိတ်ပူနေတာလား?"

"အင်း"

မမျှော်လင့်ပါပဲ သူမ ဝန်ခံလိုက်သည်။ ဒါ့အပြင် သူမက ထပ်ပြီး

"ကျွန်မ ရှင့်ကို တစ်ချိန်လုံး စိတ်ပူနေရတာ"

ဒီအချိန်မှာ သူတွေးလိုက်မိတာက နေ့တိုင်းမြင်နေရပေမဲ့ ဒီနေ့ရဲ့ ရာသီဥတုက အရမ်းကိုသာယာလွန်းပြီး မြင်ကွင်းတွေက အရမ်းကို လှပနေတာပဲလို့။

"စိတ်မပူပါနဲ့။ ကိုယ် အဆင်ပြေပါတယ်"
သူက နူးညံ့တဲ့အသံလေးနဲ့ ပြန်ဖြေလိုက်ကာ

"မင်းသာ ကျန်းမာရေးဂရုစိုက်ပြီး နေကောင်းအောင်နေ ကြားလား?"

ရှရှင်းချန် ပြုံးလိုက်ပေမဲ့ မျက်ရည်တွေက ပါးပြင်ပေါ် စီးကျလာသည်။
"အင်း ဂရုစိုက်ပါ့မယ်"

ထိုအချိန် လမ့်ဖေးက တံခါးခေါက်ကာ နောက်ထပ်အချိန်ဇယားတစ်ခုကို သယ်လာပေးသည်။ အရမ်းကို အလုပ်များနေတာပဲ။ ရှရှင်းချန်လည်း လမ့်ဖေးအသံကို ကြားတာကြောင့်

"ကောင်းပြီလေ။ ဒါဆို အလုပ်လုပ်လိုက်ဦး"

သူမအသံကို ကောင်းကောင်းထိန်းထားပေမဲ့ တုန်ရီနေသေးသည်။ နောက်တစ်ကြိမ် သူ့အသံကို ထပ်ကြားရဦးမလားဆိုတာ သူမအတွက် မသေချာတော့ဘူးလေ။ အကယ်လို့ သူ့အသံကို နောက်ထပ် ထပ်ပြီး ကြားခွင့်ရှိခဲ့ရင်

မင်္ဂလာနံနက်ခင်းပါ  Mr.president Donde viven las historias. Descúbrelo ahora