/ Unicode /
အိမ်အပြင်မထွက်ခင် Jimin ခြံထဲမှာ ခဏလောက်
ရပ်ကာ ခန္ဓာကိုယ်ကိုဆန့်ထုတ် ၊ ဘယ်ညာလှည့်ရင်း
သွေးပူလေ့ကျင့်ခန်းလုပ်နေလိုက်တယ် ။ မနက်
6 နာရီခွဲဆိုတာက နေတောင်ကောင်းကောင်းမထွက်
သေးတဲ့အချိန်ဆိုပေမယ့် အိမ်ရှေ့မှာတော့ မျက်လုံး
တစ်မှိတ်အတွင်း မနက်စာအသည်မျိုးစုံက ဖြတ်
သွားနေပြီဖြစ်သလို ၊ တစ်ချို့အန်တီကြီးတွေ
ကလည်း ဒီရပ်ကွက်နဲ့ အနည်းငယ်ဝေးတဲ့စျေးကို
လမ်းလျှောက်ကာသွားနေကြပြီ ။ ဒီနေ့က
တနင်္ဂနွေနေ့ဆိုတော့ ဖြတ်သွားနေကြတဲ့လူတွေထဲ
အရင်လိုမျိုးကျောင်းသား ရုံးသမားတွေတော့
မပါသေးဘူး ။ပတ်ဝန်းကျင်ကိုငေးကာ ကိုယ်လက်လေ့ကျင့်ခန်း
လုပ်ရင်း သွေးပူလောက်ပြီလို့ ထင်တဲ့အချိန်ကျမှ
ဒန်းပေါ်မှာတင်ထားတဲ့ တဘက်နဲ့ရေဘူးကိုယူပြီး
Jimin ခြံအပြင်ကိုထွက်လာလိုက်တယ် ။သူကတော့
မနက်ပိုင်းလုပ်နေကျအတိုင်း 15 မိနစ် လောက်
သွားရမယ့် ရပ်ကွက်ထိပ်ကပန်းခြံမှာ ပြေးဖို့အတွက်
အရှိန်ယူနေခဲ့တာ ။" ဟိတ် ချာတိတ်! "
အိမ်ကထွက်ကာစဖြစ်လို့ ပုံမှန်အတိုင်းပြေးတယ်
ဆိုရုံလေး ပြေးနေတဲ့အချ်ိန်မှာ အနောက်ကနေ
ကပ်ပါလာတဲ့အသံ ။ မကြိုက်ပါဘူး ဘယ်လောက်
ပြောပြော စိတ်ထဲကနေပဲ အသားကျနေပြီလား
သူမပြောတတ်ဘူး ။ အသံကြားတာနဲ့ ချာခနဲကို
လှည့်ကြည့်မိတော့တာ ။ သူ့လိုပဲ မနက်ပိုင်းထပြေးပုံ
ရတဲ့လူကတော့ သူ့နည်းတူ အားကစားဝတ်စုံရယ် ၊
ရေဘူးရယ် တဘက်ရယ်နဲ့ ။" ဟော! ဘာလို့ ကိုယ့်ကိုရန်စောင်နေရတာတုန်း "
လူကိုမြင်တာနဲ့သတိဝင်ကာ တစ်ချက်စောင်ကြည့်
ပြီး အရှေ့ကိုပြန်လှည့်လိုက်တော့ ဘေးချင်းကပ်
ဖြစ်လာတဲ့အရိပ်ဆီက ရယ်သံစွက်နေတဲ့ စကားသံ ။
တစ်နှစ်ပဲငယ်တာကို ချာတိတ် ချာတိတ်နဲ့ တကယ်
အမြင်ကပ်စရာပါဆို ။" ကိုယ်က ခင်ချင်လို့ပါဆိုနေ ။ ချာတိတ်က အဲ့လို
မလုပ်နဲ့လေ "" ခင်ချင်ရင် ခင်ဗျားအခေါ်အဝေါ်ကို အရင်ဆုံး
ပြောင်းလိုက် "
YOU ARE READING
𝑳𝒐𝒗𝒆𝒍𝒚 𝑫𝒓𝒆𝒂𝒎
Fanfiction💙 ချစ်ရတဲ့ အိပ်မက်ကလေးက အပြာရောင်လေး 💙 💙 ခ်စ္ရတဲ့ အိပ္မက္ကေလးက အပြာရောင်လေး 💙 Started Date : 29.10.21 ( Fri ) Ended Date : 15.11.21 ( Mon )