Chapter 1

6K 507 51
                                    

/ Unicode /

ညနေစောင်းလို့ နေဝင်ခါနီးပြီဆိုပေမယ့် လက်စ
မသတ်နိုင်သေးတဲ့ရန်ပွဲမှာ တစ်ဖက်ကို 5 ယောက်
6 ယောက်စီရှိတဲ့ သူတို့လူစုက အရှိန်တက်လို့
ကောင်းနေဆဲ ။ ဘောလုံးကွင်းရဲ့မြေပြင်ဆီက
လှိမ့်တက်လာတဲ့ဖုန်တွေ​နဲ့ ခန္ဓာကိုယ်ကထွက်လာတဲ့
ချွေးတွေရောကာ ကျောင်းဝတ်စုံတွေကလည်း
ရုပ်မပေါက်တော့အောင် ညစ်ပတ်ပေရေနေသလို
မျက်နှာမှာလည်း အနည်းဆုံးဒဏ်ရာ 3 4 ချက်
လောက်စီတော့ရနေပြီ ။

" ဟျောင့်တွေ! ဒီနေ့တော့ မင်းတို့အသေပဲကွ!
ငါတို့တွေဒီနေ့ကို ဘယ်လောက်စောင့်ခဲ့ရလဲ! "

လူမမှားအောင်သတိထားကာ နီးရာလူကိုဆွဲထိုးရင်း
အော်ဟစ်ကြိမ်းမောင်းနေတဲ့အသံတွေရယ် ၊
လက်သီးနဲ့ခန္ဓာကိုယ်ထိမိတဲ့ အသံတွေရယ် ၊
နာကျင်လို့ညည်းညူနေတဲ့သံတွေရယ်ကလည်း
ဆူညံပွက်လောကိုရိုက်နေတော့တယ်။

တကယ်ဆိုရင် အနုပညာမေဂျာအောက်မှာ အတူတူ
ကျောင်းတက်နေကြတာဆိုပေမယ့် Music ပိုင်းက
မလောက်လေးမလောက်စားကောင်တွေက သူတို့
Dancing ပိုင်းကို ရိသဲ့သဲ့နဲ့လာလာထိပါးနေတာ
ဟိုးအရင်ကတည်းက ။ ဖြစ်ခဲ့တဲ့ရန်ပွဲတွေဆိုတာ
မရေမတွက်နိုင်အောင်ရှိခဲ့ပြီးတော့ ဌာနမှူးဆီမှာ
လက်မှတ်ထိုးရတာလည်း အခေါက်ပေါင်း
မရေမတွက်နိုင်တော့ဘူး ။ နောက်ဆုံးမှာ ဌာနမှူးက
ဒီနှစ်မှာထပ်ပြီးရန်ဖြစ်ရင် အကုန်လုံးကျောင်းထုတ်
ခံရမယ်ဆိုလို့ သူတို့အားလုံး စာမေးပွဲနောက်ဆုံး
ရက်ကို စောင့်နေခဲ့ကြရတာ ။

" ရွှီ~~~ ရွှီ~~~ ဟိတ်ကောင်တွေ ရပ်ကြစမ်း!! "

" S**t!! ဘယ်ခွေးသားက တိုင်လိုက်တာလဲ " 

ဝီစီမှုတ်သံနဲ့အတူ သူတို့ရှိရာကိုအားကုန်ပြေးလာတဲ့
လုံခြုံရေးဦးလေးကြီးတွေက လက်ထဲမှာလည်း
တုတ်တွေနဲ့မို့ သူတို့လည်းအမြန်ဆုံးလူစုခွဲကာ
အနောက်ပေါက်ဆီ သုတ်ခြေတင်ရတော့တယ် ။

" အ့! "

ဘယ် သူတောင်းစားက တစ်ချက်အမြတ်ရရဆိုပြီး
ချသွားမှန်းမသိ ။ ခပ်မာမာအရာတစ်ခုက ဒုတ်ခနဲ
မြည်တဲ့အထိ သူ့ခေါင်းကိုလာထိကြောင့် Jimin
ခေါင်းကိုအုပ်ကိုင်ကာ မြေပြင်ပေါ်ကိုခွေခေါက်
လဲကျသွားတယ် ။

𝑳𝒐𝒗𝒆𝒍𝒚 𝑫𝒓𝒆𝒂𝒎Donde viven las historias. Descúbrelo ahora