/ Unicode /
" ကျောင်း အတူတူသွားကြမလို့ဆို "
" ဟုတ်ကဲ့ ဦးလေး ။ ဒီနေ့ အလုပ်မသွားဘူးလား "
" အေး ဒီတစ်ပတ် Boss က နယ်ဘက်သွားရမယ်
ဆိုလို့ ငါတို့ Work From Home ဖြစ်နေတာ ။
ရုံးပိုင်းက 5 ယောက် 6 ယောက်လောက်ပဲ ကျန်ခဲ့
တာဆိုတော့ "" အော် အဲ့ဒါကြောင့်..... ။ ပုံမှန်ဆို ဦးလေးက
ဒီအချိန်အလုပ်သွားနေတာပါလို့ "Jungkook ဧည့်ခန်းထဲမှာ Jimin ကိုစောင့်နေရင်း
ဦးလေးနဲ့စကားထိုင်ပြောနေလိုက်တယ် ။ တီတီလေး
လောက် မရင်းနှီးတာကြောင့် စကားစပြတ်သွား
ကြတဲ့အခါ ဦးလေးက သတင်းစာကိုဆက်ပြီး
ဖတ်နေသလို သူကလည်း လှေကားဘက်ဆီ
လည်တဆန့်ဆန့် ။ခဏအကြာမှာ အပေါ်ထပ်ကနေဆင်းလာတဲ့
ကောင်လေးက အရင်လိုမျိုး ဘောင်းဘီအတိိုနဲ့
Sport Shirt နဲ့မဟုတ်ပဲ အဖြူရောင် Shirt
အပေါ်မှာ ခဲရောင် Coat ထပ်ထားတဲ့ ကျောင်းဝတ်စုံ
နဲ့ဖြစ်ပြီး တစ်မျိုးလေးကြည့်ကောင်းနေပြန်တာပဲ ။
Pants အရှည်ကြောင့်လည်း ခြေတံတွေကပိုပြီး
ရှည်သွယ်နေသလိုလို ။" သားသွားတော့မယ် အဖေ ။ အမေရေ သား
သွားပြီ "ဦးလေးနဲ့ တီတီလေးကို နှုတ်ဆက်ပြီးတဲ့အခါ
သူနဲ့ Jimin အိမ်အပြင်ကိုထွက်လာခဲ့လိုက်ကြတယ်။
ဘေးချင်းကပ်ယှဥ်လျှောက်ရင်း ပခုံးကိုမသိမသာ
တိုက်တော့ လစ်ခနဲပြုံးသွားတဲ့ကောင်လေး ။ သူ့ကို
မကြည့်တဲ့ Jimin က အရှေ့ကိုပဲ အာရုံစိုက်နေသလို
နဲ့ အနားကိုကပ်လာပြီး လက်သန်းချင်းလာချိတ်
တယ် ။ ပြီးတော့ ဘာမှမဟုတ်သလိုနဲ့ ခွာသွားကာ
ပုံမှန်အတိုင်း ခပ်အေးအေး လမ်းပြန်လျှောက်
နေတာမို့ Jungkook ရင်တွေခုန်နေတဲ့ကြားကပဲ
အသံထွက်အောင် ရယ်မိတော့တယ် ။ သူ့ကို စ
ရတာ ပျော်နေတဲ့ချာတိတ်ကလည်း မျက်လုံးလေး
ကတောင် လခြမ်းကွေးပုံစံလေးဖြစ်နေတဲ့အထိ ။" ကိုယ် ချာတိတ်ကို သတိရနေတာ "
Bus အပေါ်ရောက်မှပဲ နောက်ဆုံးခုံတန်းမှာနေရာ
ယူကာ လက်ကိုအေးဆေးတွဲရတဲ့အဖြစ် ။
တရားဝင်တွဲနေကြတာဆိုပေမယ့်လည်း အာချောင်
တတ်တဲ့ ပတ်ဝန်းကျင်ကို ပေးမသိစေချင်သေးတာမို့
ရပ်ကွက်ထဲမှာတော့ သူတို့မသိသာအောင် နေဖို့
တိုင်ပင်ထားတယ် ။
YOU ARE READING
𝑳𝒐𝒗𝒆𝒍𝒚 𝑫𝒓𝒆𝒂𝒎
Fanfiction💙 ချစ်ရတဲ့ အိပ်မက်ကလေးက အပြာရောင်လေး 💙 💙 ခ်စ္ရတဲ့ အိပ္မက္ကေလးက အပြာရောင်လေး 💙 Started Date : 29.10.21 ( Fri ) Ended Date : 15.11.21 ( Mon )