/ Unicode /
ပန်းအိုးအလွတ်ထဲကို မြေဆွေးတွေထည့်ကာဖွရင်း
သူ ဖုန်းသံကိုလည်း နားစွင့်ရသေးတယ် ။ ကျောင်း
ပိတ်ရက်ဖြစ်တဲ့ စနေနေ့တိုင်းမှာ အမေ့ကိုစျေးကြိုဖို့
သူတာဝန်ယူထားတာကြောင့် ခဏနေရင်ပဲ အမေ
ဖုန်းဆက်တော့မှာ ။ အသွားကို အဖေက ရုံးသွားရင်း
ကားနဲ့လိုက်ပို့ပေးပြီး အပြန်ကိုတော့ သူစက်ဘီးနဲ့
သွားကြိုပေးဖြစ်တယ် ။ တနင်္ဂနွေနေ့ကျရင်တော့
ရုံးပိတ်တဲ့အဖေက အကြိုအပို့နှစ်ခုလုံး တာဝန်ယူ
ပေးတယ် ။ မိသားစုသုံးယောက်တည်းမို့ ပိတ်ရက်
ကျမှစျေးသွားပြီး တစ်ပတ်စာကြိုကြိုဝယ်ထား
တတ်တာ သူငယ်ငယ်လေးကတည်းက ။ပန်းအိုးတစ်အိုးစာပြီးသွားပေမယ့် အခုအထိဖုန်း
မဆက်လာသေးတာကြောင့် Jimin လုပ်လက်စကို
ရပ်ကာ ဖုန်းကနာရီကိုပြေးကြည့်မိတယ် ။ ဒီအချိန်
ဆို လာကြိုဖို့ခေါ်ရတော့မှာကို အသိတစ်ယောက်
ယောက်နဲ့များ စကားကောင်းနေတာလား ။ ကိုယ့်
အတွေးနဲ့ကိုယ် ဖုန်းကို ဒန်းပေါ်ပြန်တင်ခဲ့ပြီး
နောက်ထပ်ပန်းအိုးတစ်ခုအတွက် ပြင်ဆင်ဖို့
လုပ်နေတုန်း တဖြည်းဖြည်းကျယ်လာတဲ့စကားသံ။" ကျွန်တော် အိမ်ထဲအထိ လိုက်ပို့ပေးမယ်
တီတီလေး "" အမေ "
ခြံရှေ့ရောက်နေပြီဖြစ်တဲ့အမေက သူ့ကိုမြင်တဲ့အခါ
အထုတ်တွေဆွဲထားတဲ့ Jungkook ကို ကြည်လင်
နေတဲ့မျက်နှာနဲ့ ညွှန်ပြတယ် ။" Jungkook နဲ့ စျေးမှာတွေ့လို့ အတူတူပြန်လာ
လိုက်တာ သားရေ ။ ပြီးပြီလား ပန်းအိုးတွေက "" အမေကလည်း ဖုန်းဆက်ပြီးပြောတာမဟုတ်ဘူး ။
သားက လုပ်သာလုပ်နေရတာ စိတ်မဖြောင့်ဘူး "" ကျုပ်မေ့သွားတာတော်ရေ ။ တကတည်း မအေကို
ရန်တွေ့နေတာ ။ စူပုတ်မနေနဲ့ အမေ Lychee သီး
ဝယ်လာတယ် "အစားအသောက်အသံကိုကြားမှ ချွန်နေတဲ့နှုတ်ခမ်း
က ပြန်ဝင်သွားတာကြောင့် တီတီလေးက သူ့ကို
ကြည့်ကာ တွေ့တယ်မလား ဆိုတဲ့အမူအယာမျိုး
ပြတယ် ။ လမ်းမှာပြောလာခဲ့တာ ။ Jimin က
ဘယ်လောက်ပဲ စိတ်ဆိုးနေနေ အစားအသောက်နဲ့
ချော့ရင် လွယ်လွယ်လေးပြေတယ်တဲ့ ။ တီတီလေး
ပြောခဲ့တဲ့အထဲ Jimin တစ်ယောက် ဘယ်လို
အားကိုးရကြောင်းနဲ့ ရန်လည်းမကြာခဏဖြစ်တာ
တွေရော အစုံအစုံပါပဲ ။
YOU ARE READING
𝑳𝒐𝒗𝒆𝒍𝒚 𝑫𝒓𝒆𝒂𝒎
Fanfiction💙 ချစ်ရတဲ့ အိပ်မက်ကလေးက အပြာရောင်လေး 💙 💙 ခ်စ္ရတဲ့ အိပ္မက္ကေလးက အပြာရောင်လေး 💙 Started Date : 29.10.21 ( Fri ) Ended Date : 15.11.21 ( Mon )