Compulsion (Unicode)

172 16 3
                                    

(Inspired from Obsession❤💙)

ကိုယ်ကပဲမင်းကိုလိုက်တွယ်ကပ်ပြီးချုပ်ချယ်မိ​နေတာလား? ​​နေရာတိုင်းမှာမင်းကိုလိုအပ်လာတဲ့အထိပဲ။ လွတ်လပ်တာကိုမှကြိုက်တဲ့မင်းအတွက်​တော့ ကိုယ်က​ထောင်​ချောက်တစ်ခုလိုဖြစ်​နေမှာ မင်းကိုယ်တိုင်ကလဲသိတယ်ထင်တယ် ​​အ​ကြောင်းပြချက်မျိုးစုံပြရင်း ရှောင်​ပြေးသွား​ပေါင်းလဲမနည်း​ဘူးလေ ကိုယ်တားရဲ့သားနဲ့ကို​ရှောင်​ပြေးသွားတာ.....

​ကိုယ်ရဲ့ခေါင်းစဥ်တပ်မရတဲ့စွဲလမ်းမှုတွေ​ကြောင့် မင်းအ​နေကျပ်မှာလဲစိုးရိမ်မိ​တယ် ဒါ​ပေမယ့်မျက်စိအကြည့်တစ်ချက်တိုင်းမှာမင်းမျက်နှာ​လေးကိုမြင်ချင်မိ​နေတုန်းပဲ။ ထိန်း​လေ​လေ တပ်မက်စိတ်​တွေကပိုပြင်းထန်လာ​လေဆို​တော့လဲဆိုးသားကွာ အချိန်သတ်မှတ်ထားခြင်းမရှိတဲ့ချိန်ကိုက်ဗုံးတစ်လုံးလိုမျိုး ကိုယ်ဘယ်အချိန်​ပေါက်ကွဲမိမယ်မသိရပြန်ဘူး.....

အထီးကျန်ဆန်​နေတတ်တဲ့သာမန်ည​တွေထက်ဒီ​ညလေးကပိုထူးခြား​နေသလိုပဲ​နော် ကိုယ်ပြင်​ပေးထားတဲ့ထိုင်ခုံ​လေး​ပေါ်မှာထိုင်​နေတဲ့မင်းကအရင်ကထက်​တောင်ပိုလှ​နေ​သေးတာ တစ်ခု​မေးစရာရှိ​တယ် ဘာလို့ငို​နေရတာတုန်း? ကိုယ်ရူးသွား​အောင်အထိတပ်မက်ရတဲ့အသည်းပုံနှုတ်ခမ်း​လေး​ပေါ်​အောင်ပြုံးလိုက်စမ်းပါ မင်းကပြုံး​နေရင်အလှ​ဆုံးပဲကို။ ကိုယ်ညှင်သာမှာပါ ဘယ်သူ​​ရှေ့မှာမှဒူးမ​ထောက်ဖူး​တဲ့​ကောင်က မင်း​ရှေ့ဆိုအလိုလိုဦးညွှတ်မိလာတာပဲကြည့်​လေ.....

အပြင်လူ​တွေ​ပြောတဲ့မင်းကနှလုံးလှတယ်ဆိုတာအလိမ်အညာစကားမဟုတ်ဘူးပဲ, နှလုံးသား​နီနီလေးကိုလက်နှစ်ဖက်နဲ့​သေချာကိုင်ရင်းမျက်ဝါးထင်ထင်မြင်ရ​တော့မင်းကိုပို​တောင်တန်ဖိုးထားမိလာတယ် မြတ်နိုးရတဲ့ဆံသား​ဖြူဖြူ​လေး​တွေကလဲဒီ​နေ့မှကိုယ့်​လက်ဖျားအထိအ​တွေ့ မှာပို​တောင်နူးညံ့​နေ​ရော, ကြောက်လန့်​နေတဲ့အကြည့်​တွေနဲ့မကြည့်ပါနဲ့လား ကိုယ်ရင်​​တွေနာရလို့ ခဏ​လေးပါပဲ ကတိ​ပေးရဲတယ် ဒီခဏ​ဆိုတဲ့အချိန်​လေးပြီးတာနဲ့ကိုယ်တို့ကတစ်သက်လုံးမခွဲပဲ​နေရ​တော့မှာ....

အိပ်သွားတာလား က​လေး မျက်လုံး​လေး​တွေဖွင့်ပြီးကိုယ့်ကိုကြည့်ပါဦးကွာ ခုလိုကြီးအိပ်သွားရင်ဘယ်ကြည်နူးဖို့​ကောင်း​တော့မှာလဲ? မထူး​တော့ဘူး မင်းကမထလာ​တော့မယ်အတူတူ​တော့ ကိုယ်ပါအိပ်စက်လိုက်ရင်မ​ကောင်းဘူးလား မင်းရဲ့​ဘေးမှာတင်ပဲအိပ်မယ်​လေ ကိုယ်လဲဘယ်ကိုမှမသွား​တော့သလိုမင်းလဲမသွား​နဲ့​တော့ ​တစ်သက်လုံးမင်းကိုကာကွယ်သွားမယ့်အပြင်ကိုယ်တို့နှစ်​ယောက်တည်းပဲ ပျော်ဖို့​မ​​ကောင်းဘူးလား ကိုယ်မင်းကိုရူး​လောက်​အောင်ချစ်ရတာလဲယုံပြီမှလား ပြန်​ဖြေပါဦး မျက်နှာကြီးတည်မ​နေပါနဲ့

ကဲပါ ကိုယ်လဲမျက်လုံး​လေး​တွေမှိတ်လိုက်​တော့မယ်​နော် မင်းရယ်ကိုယ်ရယ်တစ်ဖက်ခြမ်းမှာပြန်ဆုံရ​အောင်.....

Nyongtory One Shot Collection Where stories live. Discover now