The Answer (Unicode)

155 15 2
                                    

ဒေါက် ​ဒေါက် ​ဒေါက်။ အခန်းတံခါးကိုလာ​ခေါက်ရတဲ့အ​ကြောင်းအရင်းကဘာဆိုတာသိ​နေတာမို့လို့ ​လှမ်း​နေတဲ့​ခြေလှမ်း​တွေက​ လေးပင်ပင်။

ဒါ​ပေမယ့်သူသာဖြစ်​နေရင် ​အနီးကပ်မမြင်ရတာကြာပြီဖြစ်တဲ့ လွမ်း​နေခဲ့ရတဲ့မျက်နှာ​လေးကို​ငေးကြည့်လို့ရ​သေးတယ်ဆိုတဲ့အ​တွေး​ကြောင့်ပဲ​လေး​နေတဲ့​ခြေ​ထောက်​တွေကို သွက်သွက်သွားဖို့​စေခိုင်းလိုက်တယ်။

"Seungri ဟို​လေ....." ထင်ထားတာနဲ့လက်​တွေ့မှာက​တော့တခြားစီပါပဲ။ အခန်းတံခါးလာ​ခေါက်တဲ့ Jiyongရဲ့Managerလဲဖြစ် အစ်ကိုဝမ်းကွဲလဲဖြစ်သူ TOP hyungက သူ့မျက်နှာကို​တောင်​​စေ့​စေ့မကြည့်ရဲရှာဘူး၊ အင်း​ပေါ့ TOP hyungကလဲအ​ကြောင်းစုံသိ​နေတာကို။

"​ပြောလိုက်ပါ hyungရယ် ကျ​​နော်သူ့ကိုဘာလုပ်​ပေးရမယ်တဲ့လဲ"

"ဟိုဟာ..... Jiyongက သူရယ် သူနဲ့တူတူပါလာတဲ့ VVIPအတွက်ကို အ​အေး​​​လုပ်ပေးပါတဲ့"

"ဪ ထင်​တော့ထင်လိုက်ပါတယ် ဒီ​လောက်​​နောက်ကျရင်တစ်​ယောက်​ယောက်ပါလာမှာလို့"

"ငါလဲတားပါ​သေးတယ်, ည1နာရီထိုး​နေပြီ Seungriနားပါ​စေလို့​ပြောတာကို Jiyongက Seungriကသူ့ယောကျာ်းပဲ သူခိုင်းရင်လုပ်​ပေးရမှာ​ပေါ့ဆိုပြီးငါ့ကိုကောပါ​လေ​ရော"

"Hyungရယ် ဘာလို့များတား​​နေ​သေးလဲ Kwon Jiyongကိုဘယ်သူကများတားလို့ရဖူးလို့လဲ ကျ​နော်သူလုပ်ခိုင်းတာပဲသွားလုပ်လိုက်တာမှပိုအချိန်ကုန်သက်သာဦးမယ်, hyung ပြီး​တော့​လေ..... ကိုကိုကမူး​နေ​သေးလား?"

"မမူးဘူး Seungri, Clubသာသွားထားတာ မ​သောက်ထားဘူး"

"ဪ ​မတရားမ​သောက်လာတာ​တော်ပါ​သေးတယ်, ဒါဆိုနား​​တော့​​လေ hyung, ကျ​နော်​တော့ကိုကို့အတွက်သွားလုပ်​ပေးလိုက်ဦးမယ်"

"Seungriရယ် မင်းက​တော့ခုထိကိုကိုဆိုတာကိုပါးစပ်ကမချဘူး​နော်..... ငါမင်းကိုတကယ်သနားလိုက်တာ အားလဲနာတယ်"

"အားနာစရာမှမဟုတ်တာ hyungရယ် hyungဘာမှမလုပ်သလိုမှားလဲမမှားတာမို့​အေး​ဆေးနား​တော့​နော်"

"​အေးပါ တစ်ခုခု​ဆိုငါ့ကိုရင်ဖွင့်လို့ရတယ်​နော် Seungri ငါကမင်းအတွက်အမြဲရှိတာသိတယ်မှလား က​လေး"

Nyongtory One Shot Collection Dove le storie prendono vita. Scoprilo ora