Distance Means So Little For Us Two (Zawgyi)

39 2 0
                                    


(ဒါ​လေးက Reader​လေးတစ်​ယောက်အတွက်လက်​ဆောင်ပါ။ Reader​လေးကအကုန်ဖတ်လို့ရ​အောင်တင်​ပေးပါဆိုလို့တင်​ပေးလိုက်ပါတယ်။ လက်​​ဆောင်အ​ကြောင်း​လေးကတော့ ထိပ်ဆုံးကconversationကိုကြည့်​ပေးပါ​နော်)

-Ting-

ဖုန်းက message notificationအသံကြားတာနဲ့ ဖုန်းကို​ပြေးကြည့်​နေမိတာ ခု​တော့ နှစ်နှစ်​ကျော် သုံးနှစ်ထဲ​တောင်​ရောက်လာ​ရော​ပေါ့။

"Ri ကိုကိုအိမ်ပြန်​နောက်ကျမယ်ထင်မယ် ခုထိလုပ်စရာ​တွေ​တောက်​လျှောက်​ပေါ်လာ​နေလို့"

"ကိုကို့bossကို ကျ​နော်ကြည့်လို့ကိုမရဘူး ရုံးဆင်းခါနီးရင်အလုပ်​တွေလာ​ပေးရတာနဲ့ ferryဆိုသူပဲ​စောင့်​နေရတာနဲ့.... ဘယ်ချိန်ပြန်လာမှာလဲ"

"အလုပ်​တွေပြီးတာပြန်လာမယ်​လေ က​လေး"

"ညကျရင်​တော့အချိန်​တွေပို​ပေးရမယ်​နော် ​စောအိပ်သွားရင်ခင်ဗျားကြီးနဲ့ကျ​နော်နဲ့ပြတ်ပြီ"

"​အေး ပြတ်ပြီ​တွေ​ပြောထား အိမ်​ပြန်​​ရောက်တာနဲ့​တွေ့မယ် 🙂" အဲ့emojiက ကိုကိုသုံးရင်​ကြောက်စရာကြီး ဆူခံရ​တော့မယ်လို့​ပြော​နေသလိုပဲ။

"ကိုကိုကလဲ သားကခြိမ်း​ခြောက်ကြည့်တာကို, မြန်မြန်ပြန်လာ​နော် ​စောင့်​နေမှာ"

"Okay Baby ❤️💙"

ဒီစာ​တွေကို တခြားသူဖတ်မိရင် ကျ​နော်တို့ကိုတစ်အိမ်ထဲ​နေ​နေ​ကြတာလို့ထင်မိမှာပဲ။ အမှန်က​တော့ ကျ​နော်က Japanမှာ​နေ​နေတဲ့​ကျောင်းသားတစ်​ယောက်ဖြစ်ပြီး ကိုကိုက​တော့ Koreaမှာအလုပ်လုပ်​နေရတဲ့သာမန်ဝန်ထမ်းတစ်​ယောက်ပါ။

----/----

စ​တွေ့ခဲ့ကြတာက​တော့.....

-flashback to 3 years ago-

"မင်းလိုဘာမှမသိတဲ့ဆယ်​ကျော်သက် မင်းသား​လေးလို ပိုး​မွေးသလိုပြုစုယုယခံထားရတဲ့​​က​လေးတစ်​ယောက်က ကိုယ့်ဘဝကိုဘယ်နားလည်မလဲ ကိုယ်တို့ဒီမှာပဲအဆုံးသတ်ရ​​အောင် အဆင်မ​ပြေခဲ့တာရှိရင်လဲကိုယ့်ကိုလာရင်ဖွင့်​ပေါ့ ရန်သူ​တွေမှမဟုတ်တာပဲ မင်းရဲ့အသိတစ်​ယောက်​အနေနဲ့ကိုယ်​နေ​​ပေးမယ် ကံ​ကောင်းပါ​စေ Seungri"

Nyongtory One Shot Collection Where stories live. Discover now