Prologue

1.2K 99 30
                                    

Why Always Me

လေ့လာရေးခရီးသွားရာတွင် အားလုံးစာရင်းပါပြီး ၊သူ့တယောက်ကျမှလျှောက်လွှာစာရင်းကျန်ခဲ့၍ လိုက်ခွင့်မရခြင်း။

ကျောင်းဖျော်ဖြေပွဲ Talent Show တွင် အားလုံးဖျော်ဖြေစဉ် အဆင်ပြေခဲ့ပြီး သူ့အလှည့်ရောက်မှ LED screen ပျက်သွားခြင်း။

ဖျော်ဖြေသူအားလုံး ဓါတ်ပုံစုရိုက်ရာတွင် သူ့ပုံတပုံသာ setting မီးအိမ်နှင့်ကွယ်၍ ပါမလာခြင်း။

ရေခဲမုန့်ဆိုင်မှာတန်းစီနေရပြီး သူ့အလှည့်မှ ဝယ်ချင်တဲ့ Strawberry Ice cream ကုန်သွားခြင်း။

လူအားလုံးဓါတ်လှေကားထဲဆန့်ပြီး သူဝင်မှဝန်ပိုသတိပေးချက် ထွက်လာခြင်း။

အားလုံးကူးနေကျရေကူးကန် သူသွားကူးမှရေကန်ရှင်းထားချိန်ဖြစ်နေခြင်း။

........ဘာကြည့်နေတာလဲ၊ ရေတွေမရှိတဲ့ရေကန်ထဲ ဒိုင်ပင်ပြစ်ချမှတော့ ........

"ဘာကြောင့်အမြဲတမ်း ငါပဲ ဖြစ်နေရတာလဲ"

_______________________________________________

ဖင်မနိုင်ပဲ ပဲကြီးဟင်းစား တယ်လို့ပဲ ပြောကြပါတော့ ။ မနေနိုင်မထိုင်နိုင် နောက်တပုဒ်ရေးချင်ပြန်ပြီ။ GOT လို အိမ်တော်တွေနဲ့ ဇာတ်လမ်းလည်းရေးချင်၊ ကျင့်ကြံခြင်းမဟုတ်တဲ့ ငယ်ငယ်ကဖတ်ခဲ့ရတဲ့ သိုင်းဇာတ်လမ်းလိုလည်းရေးချင် ၊စိတ္တဇဆန်ဆန်လည်းရေးချင်၊ ဒီကြားထဲ ဘရစ်တနီ စပီးယားရဲ့ Criminal MV ကိုကြည့်ပြီး inspiration ဇာတ်လမ်းတွေက ပေါ်လာသေး ။ reader တွေရဲ့ အကြံပေးတဲ့အတိုင်းတွေလည်းရေးချင်သေး။

ဘာရေးရမလဲ လမ်းပျောက်နေချိန်မှာပဲ System ဇာတ်လမ်းတွေဖတ်မိပြီး အကြံရသွားတယ်။ System ဇာတ်လမ်းတွေမှာ အဲ့လိုဇာတ်လမ်းတိုလေးတွေ အားလုံးရေးလို့ရတယ်လေနော် ။ အဲ့ဒါကြောင့်ပဲ System ဆန်ဆန် Fic တပုဒ် ရေးဖို့ဆုံးဖြတ်လိုက်တယ်။ဒီတပုဒ်တော့ OC စစ်စစ်ပဲဖြစ်လိမ့်မယ်။ ကျွန်တော့် စာဖတ်သူအတော်များများက OTP reader တွေဖြစ်မှန်းသိပါတယ်။

ဘယ်လိုကောင်းအောင်ကြိုးစားရေးရေး Butter လိုအအီအဆိမ့် ကြိုက်သူကို ချဉ်ချိုချို Lemon Tea သွားတိုက်သလိုများဖြစ်နေမလားပဲ။ OC ကြိုက်သူတွေကလည်း ကျွန်တော့်လို OTP ရေးသူဆီကို ခြေဦးတောင်လှည့်မှာမဟုတ်သလို ကျွန်တော့်ရဲ့အားဆေး Loyal readers တွေကလည်း OC ဖတ်နိုင်ပါ့မလားမသိဘူး။

Why Always Me (ဘာကြောင့်အမြဲတမ်း ငါပဲ ဖြစ်နေရတာလဲ)[Z&U]Donde viven las historias. Descúbrelo ahora