Unicode
"ကဲ မျက်မြင်တွေ့ပြီးကြပြီဆိုတော့ အားလုံး ကျေနပ်ကြမယ်ထင်ပါတယ်"
ပြောင်းလဲသွားသည့် အနေအထားအလိုက် သာဖြေရှင်းရတော့မည်ဟု စဉ်းစားနေစဉ်မှာပဲ ကျောင်းအုပ်ကြီးရဲ့ ဘာမှမထူးဆန်းသလို အပြောကြောင့် သူအံ့အောသွားမိသည်။ တဖက်က စပြီးသူ့အားရန်စလို့ပဲလား ၊ဒါကြောင့်ပဲ သူ့ရဲ့လုပ်ရပ်ကိုသတိမမူမိတာလား။ စဉ်းစားရင်း သူ့မျက်လုံးက ရပ်တန့်နေပြီဖြစ်တဲ့ ရုပ်သံဖိုင် အဆုံးသတ်ကိုမြင်လိုက်ရမှ သူနားလည်သွားတော့သည်။
ဒါကြောင့်ဒီကောင် ရဲရဲဝံ့ဝံ့ဖုန်းကိုပြတာပဲ။ ရုပ်သံဖိုင်၏အဆုံးသတ်က နောက်ဆုံးတယောက်ကို သူအင်္ကျီရင်ဘတ်စ မဆွဲခင်အချိန်ထိသာ။ ဒါပေမဲ့ အငိုမယ်မယ် အမျိုးသမီးကတော့ ဒီလောက်နှင့်ကျေနပ်ပုံမရ ။ သူ့အားစူးစိုက်ကြည့်ပြီး ကျောင်းအုပ်ကြီးကိုစောတက တက်သည်။ သူ့အား အခြေအနေတခုရောက်အောင် တွန်းပို့လိုဟန်ရှိသည်။
"ကျွန်မသားလေးက လည်ပင်းမှာ အညိုမည်းတောင်စွဲနေတာရှင့်။
ဆေးရုံသွားပြီး ဆေးမှတ်တမ်းယူလိုက်ပြီးရင် ကျွန်မ ဒီဟာလေးကို တရားစွဲလို့တောင်ရတယ် ဆိုတာသိရဲ့လား။
ဆရာကြီးတို့လည်း ကျောင်းနာမည်မထိအောင် အဲ့လောက် အကျယ်ကျယ် ဖြစ်ချင်မယ် မထင်ဘူး။
အဲ့တော့ ကျေနပ်အောင်ရှင်းပေးရင် ကောင်းမယ် ၊မဟုတ်ရင် ကျွန်မကို အဆိုးမဆိုနဲ့ ။
လောကမှာ မိခင်တွေဆိုတာ ကိုယ့်ကလေးထိရင် ဘာကိုမှမကြောက်ဘူး။
အဆုံးထိသွားနိုင်တယ်ရှင့်။"အမျိုးသမီးစကားအဆုံးမှာတော့ ထို ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသည့် ကျောင်းသားက သူ့လက်ထဲမှ ဖိုင်တွဲတချို့ကို ဆရာကြီးထံပေးရင်း မေးလည်းမေးရင်း ပြောလိုက်သည်။
" ဘာ ဒဏ်ရာလည်း ခင်ဗျာ ။ ကျောင်းဆေးခန်းဆရာဝန်က ကျွန်တော့်ကို ဒီဆေးမှတ်တမ်းတွေပါ ပေးခိုင်းလိုက်ပါတယ်။ မနေ့က ဒီ အနိုင်ကျင့်သူအဖွဲ့ ဆေးခန်းရောက်လာတုန်းက ယူခဲ့တဲ့ ဆေးမှတ်တမ်းလို့ပြောပါတယ်။ ဘာမှ ကြီးကြီးမားမား မထိခိုက်ထားဘူးလို့လည်း ပြောလိုက်ပါသေးတယ် ။ ဒီမှာပါခင်ဗျာ"
ESTÁS LEYENDO
Why Always Me (ဘာကြောင့်အမြဲတမ်း ငါပဲ ဖြစ်နေရတာလဲ)[Z&U]
FantasíaAuthor - Victoria_DeJon Story Type - BL Fiction , OC, System