ကျောင်းနတ်ဘုရားကို နောက်ကောက်ချမယ် 1.02

39 9 2
                                    

Unicode

အဂ္ဂါမိုးဇတ် တဦးတည်းသောသား၊သူ့မိဘနှစ်ပါးသည် ချစ်ကြိုက်ပြီးလက်ထပ်ခဲ့ကြသူများ မဟုတ်သော်လည်း ကြီးမားသည့်ပြသနာမရှိ။ မိသားစုသုံးယောက် ပြသနာမရှိပါပဲ ဘာကြောင့်တယောက်တကွဲစီ ဖြစ်နေကြတာလည်း ဆိုတာတော့ တွေးစရာရှိသည်။ သူ့ဖခင်ကလူလုံးထွက်မပြ‌တဲ့ အငြိမ်းစားအရာရှိတဦး၊ဘယ်ဆီရောက်နေမှန်းပင်မသိ။ မိခင်ကတော့ နိုင်ငံရပ်ခြားဈေးဝယ်ထွက်ခြင်းကိုသာ အလုပ်ဟုခံယူထားသူ။

သူလက်ရှိရောက်နေသည့်နိုင်ငံ အမ်တူး နိုင်ငံသည် ဒေသတွင်းတွင် ဖွံ့ဖြိုးမှုနောက်ကျနေသည့် နိုင်ငံဖြစ်သော်လည်း မြို့တော် တခွန်း ကမူ အိမ်နီးချင်းနိုင်ငံတို့နှင့် ဆက်ဆံမှုအရှိဆုံးဒေသဖြစ်သလို နိုင်ငံခြားသားဝင်ထွက်မှုအများဆုံး မြို့လည်းဖြစ်‌တာမို့ ဈေးဝယ်ကုန်တိုက်‌တွေရှိပစ္စည်းများက ခေတ်နောက်ကျနေတာတော့ မဟုတ်ဘူး ။

ဒါပေမဲ့ ဈေးဝယ်ထွက်ခြင်းကိုသာ တစိုက်မတ်မတ်လုပ်နေသူ သူ့မိခင်သည် နိုင်ငံရပ်ခြား‌ ဈေးဝယ်ခရီးသွားနေရာမှ အိမ်ပြန်လာတယ်ဆိုတာမရှိ။ ဘာရယ်လို့ တိကျသေချာစွာ မဆုံးဖြတ်နိုင်ပေမဲ့ ဒါကြီးက တော်တော်သဘာဝမကျဘူး မဟုတ်လား။ တကယ်တော့ ယခုသိရသည့်အချက်အလက်များမှာ သူ့မှတ်ဉာဏ်အစစ်တွေလား ဆိုတာပင်မသေချာ။

အိမ်အတွင်းရှိ ဓါတ်ပုံများပစ္စည်းများ နေရာများကိုမြင်ပြီးမှ ထိုအရာတို့နှင့်ဆက်စပ်ပြီး ယခုအသိဉာဏ်တို့ကိုရလာခြင်းဖြစ်သည်။ စိတ်ထဲတွင်‌တော့ မည်သည့်ခံစားချက်မှ မ‌ပေါ်လာခဲ့။တစုံတယောက်၏ဘဝဇာတ် နောက်ကြောင်းပြန်မြင်ကွင်းကို ဘေးကနေကြည့်နေရသလိုမျိုး။ သို့ပေမဲ့သိလိုရာတိုင်း အလုံးစုံသိနေခြင်းတော့လည်းမဟုတ်ပြန်ဘူး။

အစီအစဉ်တကျ အားလုံးကိုမှတ်မိခြင်းလည်း မဟုတ်ဘူး။ ဥပမာမင်းမင်း ဆိုသည့် သူ့အားရင်းနီးသည့် ပုံနှင့်စကားပြောသည့်ကောင်လေးအ‌ကြောင်း၊၊ ကျောင်းမှာတွေ့တုန်းက ဘယ်သူဆိုတာမမှတ်မိပေမဲ့ အခုတိုက်ဆိုင်လို့စဉ်းစားကြည့်မှ သေသေချာချာ သိကျွမ်းရင်းနီးသူဖြစ်နေပြန်သည်။ ထိုအချိန်မှာပဲ ဗိုက်ထဲက အသံကျယ်ကျယ်ကြောင့် သိလိုက်ရတာတခုက ဒီလောကကြီးက ဘယ်လို‌လောကကြီးဖြစ်နေနေ ဇီဝနာရီကတော့ ပုံမှန်အလုပ်လုပ်နေတာပဲ ။

Why Always Me (ဘာကြောင့်အမြဲတမ်း ငါပဲ ဖြစ်နေရတာလဲ)[Z&U]Onde histórias criam vida. Descubra agora