Zawgyi
ဒီနေ့ ကျင်းလင် မွေးနေ့ဖြစ်သည်
အင်း အရင်နှစ်တွေက ဦးလေးနဲ့
သူ့ယောက်ျားက အနားမှာ
ရှိနေတော့ မသိသာပေမဲ့...
ဒီနှစ်တွင်တော်တော် ခံရခက်သည်
ကျင်းလင် ကျောင်းပတ်ရက်မို့...
ဇီကျိန်း နဲ့ ဟန်ကို ခေါ်ကာ
မိမိရဲ့ မိဘတွေရှိတဲ့ သချိုင်း မြေသို့
လာခဲ့ကြသည်...
အနီရောင် နှင်းဆီပန်း တစ်စီးဆီကို
ဘေးခြင်းကပ်လျက်ဖြစ်တဲ့ အဖြူရောင်
အုတ်ဂူလေးတေပေါ် တင်လိုက်ပီး...
"ပါး မား သားအားလင်ပါ
သားမွေးနေ့မှာ ပါးနဲ့ မားကို
လာတွေ့တာပါ"
"အဲ့မှာအဆင်ပြေရဲ့လားဟင်
ကျနော် ပါးနဲ့မားတို့ ရှိတဲ့
ဒီနိုင်ငံမှာ နေချင်တာမို့
ဦးဦး မသိအောင် ထွက်ပြေးလာခဲ့တယ်
ကျနော် အရမ်းမဆိုးပါဘူး"
"ဘာမှမပူပါနဲ့ သား သငယ်ချင်းတေက
သားကို စောင့်ရှောက်ကြပါတယ်
ဦးဦး သူမလာဘူးလားဟင်
ကျနော် ကို လိုက်ရှာနေမလား
မသိဘူး "
"သားပြန်တော့မယ် မားနဲ့ပါးဆီ
နောက်တခါ ထပ်လာခဲ့ပါမယ်"
"သွားရအောင် "
ကျင်းလင် ဟန်နဲ့ ဇီကျိန်း ကို
ပြောလိုက်တော့ ဟန်က စိုးရိမ်ဟန်နဲ့...
"အင်း မင်း အဆင်ပြေရဲ့လား "
ကျင်းလင် ပြုံးလိုက်မိသည်...
သူအဆင်ပြေလား မပြေလားဆိုရင်
ပြေတယ်လို့ ပြောရမလား...?
ဒါပေမယ့် တဘဝလုံး သူဒီတိုင်း
ရှင်သန်လာခဲ့ရတာ မဟုတ်လား
အဆင်ပြေတာမဟုတ်ပဲ သူ
နေသားကျသွားတာနေမှာပါလေ...
"ရတယ် ငါအဆင်ပြေပါတယ်
ပြန်ရအောင် ညကျ မင်းတို့ကို
တဝိုင်းကျွေးမယ်"
ကျင်းလင် စကားကြားတော့
စနောက်နောက်နဲ့ ပြန်ပြောလာသော
ဟန်...
"စားရသေးရဲ့ဘောစိရယ်"
ဘောစ် အခုမစိနိုင်တော့ဘူး...
"အခု ဘောမစိတာ မင်းအသိဆုံးပါ
ဟန်ငါစုထားတာက လေးနှစ်စာ
မလောက်လောက်ဘူးဟ"
ကျင်းလင် စကားကြောင့် ဟန်နဲ့
ဇီကျိန်း တို့ စိတ်မကောင်းဖြစ်ရတယ်...
YOU ARE READING
Fate (ကံကွမ်မာ) Fate (ကံကြမ္မာ)