1

651 72 14
                                    

21ရာစု

တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်  
မင်းရဲ့ မျက်နှာလေးမှာ ပြုံးနေတာလေး မြင်လိုက်ရရင်ကို
စိတ်ကျေနပ်သွားတတ်တဲ့  လူတစ်ယောက်
မင်း နားမှာ ရောက်လာပါလိမ့်မယ် ။

အဲ့ဒီ့သူဟာ   တစ်ခြားသူတွေနဲ့ မင်းနဲ့ ယှဉ်လာရင်တောင်
မင်းကိုပဲ ဦးစားပေးတတ်တဲ့သူ ။

မင်းရဲ့ တိတ်ဆိတ်မှုတွေကို  မင်းဘက်ကစကားလုံးတွေနဲ့
ဖော်ပြစရာမလိုပဲ   နားလည်ပေးနိုင်မဲ့သူ ။

မင်းရဲ့ အားနည်းချက်တွေ ၊ မင်းရဲ့ dark sideတွေ
အများကြီးရှိနေမယ်ဆိုရင်တောင်
ဘယ်တော့မှ စိတ်ပျက်မသွားပဲ မင်းကို ချစ်ပေးနေမဲ့သူပေါ့ ။

အဲ့ဒီ့သူဟာ အကြောင်းပြချက်မရှိ 
မင်းရဲ့မျက်နှာလေးကိုကြည့်နေရင်း
ချစ်တယ်ဆိုတဲ့ စကားတွေ နေတိုင်းပြောနေလိမ့်မယ်။
သူ့ကိုယ်သူထက် မင်းကိုမင်း  ဂရုစိုက်ဖို့ အချိန်တိုင်း
တသွင်သွင်မှာနေလိမ့်မယ်။

ဘယ်အချိန်သူရောက်လာမှာလဲဆိုတာ မသိသေးပေမဲ့
စောင့်ဆိုင်းရကျိုး နပ်စေမှာပါ ။    

"မောင်လဲအဲ့လိုလူဖြစ်ရင်ကောင်းမှာပဲ"

ဖတ်လက်စအုပ်လေးကိုပိတ်ပြီး Yoongiပြောလိုက္မိသည်။

ညနေစာင်းဖြစ်၍နေဝင်တာကြည့်နေတဲ့သူ,အားကစားလုပ်နေသူ,သွားလာလှုပ်ရှားနေသူများဟန်မြစ်မှာပြည့်ညက်နေသည်။

ထိုင်နေရာကထကာပေနေတဲ့ဖုန်ကိုလက်နဲ့ခါလိုက်သည်။

ခပ်လှမ္းလှမ်းကိုရောက်တော့ကားကိုမှီကာအနမ်းချင်းဖလှယ္နေကြတဲ့BLစံုတွဲလေးတစ်တွဲ

သူနဲ့မောင်ကအိမ်သက်တမ်းတစ်နှစ်သာပြည့်တာနမ်းဖို့မပြောနဲ့လက်တောင်မကိုင်ဖူး

မိဘသဘောအရယူခဲ့ရပင်မဲ့သူကမောင့်ကိုတဖက်သတ်ချစ်နေရသည်။

ပိုမိုပီပြင်လာတဲ့ပံုရိပ်ကြောင့်အဆမတန်ခုန်ပေါက်နေတဲ့ရင်ဘတ်အစံုကိုလက်နဲ့အသာဖိကပ်လိုက်သည်။

ေနှာင်ကြိုး(completed) Where stories live. Discover now