11

199 38 23
                                    

"နာကျင်ရခြင်းသာ ပိုင်တယ်"

မဆိုင်တော့တဲ့ အနာဂတ်မှာ
မပိုင်ဆိုင်လိုက်ရတဲ့ လူတစ်ယောက်ကို
နာနာကျင်ကျင်သတိတွေရနေတုံးပဲ

မဝေးဘူးလို့ ကတိတွေပေးရင်
ငါတို့ အဝေးကြီးဝေးနေတယ်

စိတ်ဆိုတာ ကိုယ်တိုင်သတ်မှသေတာ
သတိရစရာဟာ မင်းဖြစ်နေလို့
ငါရင်ဘတ်တည့်တည့်ကို စိုက်ထည့်လိုက်တာပဲ

ပေါင်းရမဲ့ ကံမပါမှတော့ ငါပဲနာနာကျင်ကျင်
ကြွေကွဲပစ်လိုက်ပါ့မယ်

ကျကွဲသွားဆက်ဆံရေးတွေကို ကျ
ဘယ်ကော်နဲ့ ဆက်လို့ရမှာလဲ

ကိုယ့်အရပ်ကို ကျောခိုင်းထားမှတော့
နီးလျှက်လဲ ငါတို့ဝေးကြမှာပဲ

မဆုံစီးခြင်းမှာတောင် ငါတို့က
အရင်ပန်းဝင်နှင့်တယ်။

နှလုံးသားချင်းဓာတ်မတည့်တာ
ဘယ် ယတြာမှ ချေမနေနဲ့
ဘယ်ဘုရားမှာမှ ဆုတောင်းနဲ့
ငါတို့ ထပ်ဝေးကြဖို့ပဲရှိတော့တယ်
ဒီဘဝ ဒီမျှပဲရပ်လိုက်ကာမှ
နိဗ္ဗာန်ကို မျက်နှာမူနိုင်မယ်။

ဘယ်စံနူန်းနဲ့ တိုင်းတိုင်း
သုညမကွဲတဲ့ ကောင်က
နောက်ကပဲ ငေးကြည့်ရတယ်

လူတစ်ယောက်ကို တကယ်ချစ်ဖို့
ဦးနှောက်ကို အသုံးချတဲ့သူမှာ
မေတ္တာသွားပြလို့ အရာမထင်နိုင်ဘူး။

နီရဲပူကျစ်နေတဲ့သံပြားကိုကိုင်ပြီးပေါင်ကိုကပ်လာတဲ့ Hyung

(ကိုးရီးယားဇာတ်ကားထဲမှာမြင်ဖူးကြတယ္မလာ)

"အား!!!"

"ဘယ္လိုလဲပူလား။ဘယ္လိုခံစားရလဲ"

" Hyungဘယ္လိုအဖြေကြားချင်လဲ"

"မင်းအသံကိုမကြားချင်တာ"ဆိုပြီးပါးကိုညစ်ကာသံပူပြားကြီးပါးစပ်ထဲထိုးသွင်းလာတဲ့ Hyung

ထွက်လာသမျှအသံတေွကလည်းပင်နားတင်ပျောက်ဆံုးသွားသည်။

လူကလဲမျက်လံုးပင်မဖွင့်နိုင်တော့

ေနှာင်ကြိုး(completed) Where stories live. Discover now