[Zawgyi]ဆေးရုံခန်းထဲရှိကုတင်ပေါ်တွင်အိပ်ပျော်နေသော
Seokjinကိုကြည့်ကာအခန်းအပြင်ဘက်သို့Namjoonထွက်လာခဲ့သည်။အပြင်ဘက်တွင်စောင့်နေသောYoongiကထလာကာ
"တစ်ကိုယ်လုံးကိုmedical check upလုပ်ထားတယ်
သိပ်လဲအများကြီးစိတ်ပူမနေပါနဲ့
နောက်ပြီးတော့မင်း...ဒေါသကိုလဲနည်းနည်းထိန်းပါဦးလား
မင်းဒီလိုစိတ်ထိန်းမရမဖြစ်တော့တာဒီကိုစရောက်ကထဲကမဟုတ်လား"Namjoonခပ်ယဲ့ယဲ့ပြုံးလိုက်ကာ
"ဘယ်လိုပဲကြိုးစားပြီးမင်းသားယောင်ဆောင်နေပါစေ
နောက်ဆုံးတော့ဘီလူးခေါင်းကပြန်ပေါ်လာတာပဲမဟုတ်လား""မင်းကအရမ်းကိုပိုင်ဆိုင်ချင်စိတ်တွေများနေတာကိုး
စိတ်ကိုနည်းနည်းလောက်လျှော့ကြည့်ပါလား....Bro
မင်းကိုပျော်ရွှင်နေတာပဲငါတို့ကမြင်ချင်ကြတာပါ""ငါသိတယ်.....မင်းတို့လဲအနားယူကြတော့
ဒီမှာငါရှိနေတာပဲ""Ok...Bro...ငါတို့မနက်ကျမြှပန်လာခဲ့မယ်"
Yoongiနဲ့စကားပြောပြီးနောက်လူနာခန်းထဲသို့ပြန်ဝင်လာခဲ့သည်။အိပ်နေသောSeokjin၏ကုတင်အနားတွင်ထိုင်လိုက်ကာအခုထိရောင်နေသောပါးလေးကိုလက်ဖြင့်ခပ်ဖွဖွပွတ်သပ်လိုက်သည်။
"အခုတလောအရမ်းတွေအလိုလိုက်ထားလို့Jinလေးကဆိုးလာတာလား၊ကိုယ့်အနားကထွက်သွားဖို့တောင်ကြံစည်နေပြီပေါ့၊ဘယ်လိုလုပ်မလဲ၊ကိုယ်ကတစ်ခါဖမ်းဆုတ်ထားပြီးရင်သေရင်တောင်လက်မလွှတ်တတ်လို့ရှေ့လျှောက်ဒုက္ခတွေများတော့မှာပဲ"
ပြီးနောက်Seokjinရဲ့နှဖူးကိုအသာဖွဖွလေးနမ်းပြီးအခန်းတံခါးကိုအသာအယာပြန်ပိတ်ကာလူနာအခန်းထဲမှ
Namjoonပြန်ထွက်သွားခဲ့သည်။ချစ်ရသူစိတ်ချမ်းသာဖို့အတွက်အရာအားလုံးကိုပြုပြင်ပြောင်းလဲမည်ဟုဆုံးဖြတ်ထားခဲ့သော်လည်းနောက်ဆုံးမှာတော့သူ့ကိုကိုယ့်အပိုင်သာဖြစ်စေချင်တဲ့အတ္တကအနိုင်ယူသွားခဲ့သည်။
🦋🦋🦋
Haha ....sorryပါကွာ...အချစ်ကလေးရဲ့
YOU ARE READING
TRIANGLE
Fanfictionတစ်သက်လုံးလူရမ်းကားဖြစ်လာတဲ့ကောင်ကမင်းသာအလိုရှိရင်ချစ်စရာခွေးပေါက်လေးအဖြစ်လည်းပြောင်းလဲပေးနိုင်တယ် တစ်သက်လုံးလူရမ်းကားဖြစ်လာတဲ့ကောင်ကမင်းသာအလိုရှိရင်ချစ်စရာခွေးပေါက်လေးအဖြစ်လည်းပြောင်းလဲပေးနိုင်တယ်