FOR NWAE PANTHER.
■■■■■■
{Uni}
မြို့တစ်မြို့ရဲ့ ကားလမ်းမကြီးထက်မှာ တရွေ့ရွေ့နဲ့သွားနေတဲ့ အဖြူရောင်ကားလေးတစ်စီး။ သီချင်းသံတချို့ကလည်း တရိပ်ရိပ်နဲ့ထွက်ပေါ်နေပြီး လိုက်လံသီဆိုနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့အသံကလည်းတဆာဆာနဲ့ပင်။
"Why Oh Why Tell Me Why Not Me..."
ထိုကောင်မလေးကလက်ထဲမှာလည်း ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့နေတာကိုမရပ်ဘဲ လိုက်ဆိုနေခြင်းဖြစ်သည်။ ကားမောင်းနေတဲ့သူ့ရဲ့ပါပါးဖြစ်သူကတော့ ခေါင်းလေးတခါခါနဲ့သာ။ ထို့အပြင် Lover setမှာထိုင်နေတဲ့သူကလည်း ထိုကောင်မလေးရဲ့ပါပါးပါပဲ။
"ရှောင်ယွမ် အသံနည်းနည်းလျှော့လေနော်။ ပါပါးခနအိပ်ချင်လို့"
"ဟုတ်"
စကားနားထောင်စွာပဲအသံတိတ်သွားတဲ့ ရှောင်ယွမ်လေးက သူတို့ရဲ့အဖိုးတန်လေး။ ဖွင့်ထားတဲ့သီချင်းလေးဟာလည်း ကားမောင်းနေသူရဲ့လက်ချက်ကြောင့် Off ခံလိုက်ရပြီ။ ကြည့်ရတာ ကြင်သူအိပ်နေချိန်နားအေးပါးအေး ရှိစေချင်သည်ထင်ပါ့။
မြို့ထဲကလမ်းမထက်မှာ အတန်ကြာမောင်းနှင်ပြီးချိန်မှာတော့ မြို့ပြင်သို့ရောက်ပြီဖြစ်သည်။ ဘေးတစ်ဖက်တစ်ချက်မှာ လယ်ကွက်လေးတွေကစိမ်းစိုလို့နေတယ်။ တစ်နေရာအရောက်လမ်းချိုးလေးထဲကွေ့ဝင်ပြီးချိန်မှာတော့ သူတို့လာချင်တဲ့နေရာကိုရောက်လေပြီ။
"အိမ်ကြီးက ကြီးလိုက်တာ"
"ဒီပါပါးရဲ့ကြိုးစားမှုတွေလေ"
ရှောင်ယွမ်လေးပြောတဲ့စကားကို Driver setမှာထိုင်နေတဲ့ သူ့ပါပါးက ဂုဏ်ဆာအပြုံးကြီးနဲ့ပြန်ဖြေတယ်။ ထို့နောက် ကားပေါ်ကဆင်းသွားတဲ့ ရှောင်ယွမ်လေးကအိမ်ထဲတောင်ဝင်သွားပြီ။ မိန်းကလေးဖြစ်နေလည်း နေရာစိမ်းရင်တောင် အကြောက်အလန့်မရှိတတ်တာ သူ့ပါပါးတွေရဲ့ အမွေဆက်ခံသူပီသပါတယ်။
ကားပေါ်ကလူနှစ်ယောက်က ပစ္စည်းတွေသယ်ပြီးမှအထဲဝင်လာတော့ သူတို့ရဲ့သမီးဖြစ်သူကဧည့်ခန်းထဲမှာ ချိတ်ထားတဲ့ ပန်းချီကားကို စိတ်ဝင်တစားကြည့်နေတယ်။