FOR MiyugiNakata.
■■■■■■
[Uni]
နွေရာသီရဲ့ ညနေခင်းလေးတစ်ခု။ ခါတိုင်းနှစ်တွေလိုပူပြင်းခြောက်သွေ့နေတာမျိုးမဟုတ်ပဲ ဒီနှစ်မှာတော့ ချစ်သူ ရည်းစားတွေရဲ့ ကြည်ကြည်နူးနူး တီတီတာတာမြင်ကွင်းလေးတွေနဲ့ စိုပြေလို့နေသည်။
"ကျန့်ကော"
"လောင်ဝမ်နောက်ကျတယ်"
"ကျွန်တော့်ဆိုင်ကယ် ဆီရပ်သွားလို့ပါ။ ဒါမယ့် ကျန့်ကောစောင့်ရတာမကြာအောင် ကျွန်တော်ပြေးလာခဲ့တာ"
မျက်နှာငယ်လေးနဲ့ ရှောင်းကျန့် စိတ်ဆိုးမည်စိုး၍ ရှင်းပြနေတဲ့ ဝမ်ရိပေါ် ရဲ့ ပုံစံက အရင်နှစ်တွေကလို ခပ်ဆိုးဆိုးလူဆိုးကောင်လေးမဟုတ်တော့ပေ။ ယုန်ရှေ့က ကျားပေါက်လေးဖြစ်နေပြီ။
"လုပ်ပြမနေနဲ့ ကောဗိုက်ဆာပြီ"
ချက်ချင်းပဲ လွယ်ထားတဲ့ဘေးလွယ်အိတ်လေးလာသယ်ပေးပြီး ကျန်လက်တစ်ဖက်က ဖြူဖြူနုနု ရှောင်းကျန့်ရဲ့လက်တစ်စုံကိုကိုင်လို့ ခေါ်သွားတဲ့ ဝမ်ရိပေါ်။
ရှောင်းကျန့်က ကျောင်းပြီးလို့ ပန်းချီသင်တန်းလေးဖွင့်ထားတယ်။ ဝမ်ရိပေါ်ကတော့ တတိယနှစ်ကျောင်းသားတစ်ယောက်။ သူတို့နှစ်ယောက်စတွေ့ခဲ့တာ ရိပေါ် ပထမနှစ်စတက်တဲ့နေ့ကဖြစ်သည်။
Flash back ..
ကျောင်းထဲစဝင်ကတည်းက လူအများရဲ့အာရုံကို ဖမ်းစားသွားတဲ့ ကောင်လေးတစ်ယောက်။ သတ်မှတ်ထားတဲ့နေရာမှာ ဆိုင်ကယ်ကိုရပ်လို့ ဦးထုပ်ချွတ်လိုက်သည်။ ညာဘက်လက်နဲ့ ဆံပင်သပ်လိုက်ချိန်နဲ့ လေလေးတိုက်လာတဲ့အချိန်တိုက်သွားတာက မသိရင် ရုပ်ရှင်ကားတွေထဲကလို မင်းသားဆံပင်သပ်နေချိန် လေတွေတိုက်လာပြီး ဆံပင်တွေကိုခွဲပေးသွားသလိုပဲ။
"ရှောင်ကောကော We Chat လေး add လို့ရမလား"
ကောင်မလေးတွေ ဝိုင်းလာပြီး တောင်းနေသော်လည်း တစ်ခွန်းမှမပြောပဲထွက်သွားတဲ့ရိပေါ်က ဘယ်လောက်ချေလဲဆိုတာ မြင်ရုံနဲ့တင် သိနိုင်၏။