[UNI]
လူတစ်ယောက်အတွက် စိတ်အလှုပ်ရှားဆုံးအချိန်ဟာ ဘယ်အချိန်ဖြစ်နိုင်မလဲ...။
ယနေ့ပေကျင်းရဲ့ရာသီဥတုလေးကတော့ ပုံမှန်ပါပဲ။ လမ်းမကြီးထက်တွင် ပြေးလွှားနေသည့် အမယ်စုံကားတွေရယ်။ ကျောပိုးလွယ်အိတ်လေးတွေနဲ့ လမ်းဖြတ်ကူးနေကြတဲ့ကျောင်းသားတွေရယ်။ နောက်ပြီး ခပ်နွေးနွေးနေရောင်ခြည်လေးရယ်။
သို့ပေမဲ့ တိုက်ခန်းလေးတစ်ခန်းရဲ့ စာရေးစားပွဲရှေ့က ကောင်လေးကတော့ စိတ်လှုပ်ရှားလွန်ကာ ချွေးပြန်နေခဲ့သည်။ သူ့လက်ထဲ၌ ဖွင့်လျက်သားဖုန်းလေးကလည်း ရှိသေး၏။
သူစောင့်နေခဲ့သောအချိန်ကို ရောက်သည်နှင့်တစ်ပြိုင်နက် ဖုန်းscreenပေါ်တက်လာသည့် ကြေညာချက်တစ်ခုတွင် သူ့နာမည်ပါ၊ မပါကို အသည်းအသန်လိုက်ကြည့်လေသည်။
ကြေညာချက်တွင် ဖော်ပြခြင်းခံထားရသော လူသုံးယောက်၏ နာမည်ကိုဖတ်ဖို့ရာ အချိန်သုံးစက္ကန့်သာ လိုခဲ့၏။ ထိုသုံးစက္ကန့်အပြီးတွင် ကောင်လေး၏ သက်ပြင်းချသံကလည်း ခပ်ပြင်းပြင်းထွက်ပေါ်လာသည်။
"ထပ်ပြီးတော့လားကွာ!"
စားပွဲပေါ် တံတောင်နှင့်ထောက်ကာ သူ့ဆံပင်ကို ဆွဲဆုပ်ထားလိုက်၏။ သူဒီလိုဖြစ်တာ ဒါနဲ့ဆို ၅ကြိမ်ရှိပြီ။ ၅ကြိမ်လုံးလည်း စကာတင်၅ယောက်ထဲပါခဲ့ပြီးမှ ၃ယောက်ပြန်ရွေးသည့်အချိန်တွင် ပြုတ်ခဲ့ရတာချည်းသာ။
စိတ်ကိုအတတ်နိုင်ဆုံးတင်းထားလိုက်ပြီး တစ်ခန်းလုံးတွင် ပွစာကြဲနေသော လုံးချေပြီးအပစ်ခံထားရသည့် ရေဘူးအခွံတွေ မုန့်ထုပ်အခွံတွေကို အမှိုက်ပုံးထဲ လိုက်ကောက်ထည့်ပြီး ရှင်းလိုက်သည်။
ထို့နောက်တွင်တော့ စားပွဲပေါ်ပြန်ထိုင်လိုက်ပြီး ဘောပင်တစ်ချောင်းနှင့် သူကဗျာတွေရေးနေကျ စာအုပ်ထဲ၌ လှပသည့် လက်ရေးညီညီတွေနှင့် စတင်ရေးချလိုက်သည်။
တစ်နာရီ။
၂နာရီ။
၃နာရီ။