734

802 150 9
                                    

Zawgyi



Impressive Feat of Hurling Oneself Straight Towards Death

Supreme Dragonက လူတွေ နန်ရှူစိန်ခေါ်တာကို ကြားခဲ့အခါ သူတို့မျက်နှာတွေ မှောင်မိုက်သွားခဲ့တယ်။ [A Chrysanthemum Opening Towards the South] က နန်ရှူရဲ့  အရှေ့ ကိုတိုးလာပြီး
"မင်းရဲ့ အဆင့်က နိမ့်လွန်းတယ်။ ဒါကြောင့် ငါတို့ ခေါင်းဆောင်ကို စိန်ခေါ်ဖို့  မင်းမှာ အခွင့်အရေး မရှိဘူး။ ဘာကြောင့် မင်းကိုငါက အရောင်းအဝယ်မလုပ်နိုင်ရမှာလဲ။"

နန်ရှူက အေးစက်စွာနဲ့ 
"ငါက မင်းနဲ့  မတိုက်ခိုက်ချင်ဘူး။ ငါက [Flowing Cool Breeze]နဲ့ ပဲ တိုက်ခိုက်ချင်တာ။"

[Flowing Cool Breeze]အတွက်တော့ ဒီမိန်းမက တော်တော်လေးကို စိတ်တိုစရာ ကောင်းလွန်းနေတယ်။ သူက မိန်းကလေးတွေကို သေချာပေါက် မနာကျင်စေချင်ဘူး။ ဒါပေမယ့် ဒီမိန်းမကတော့ သူမ၏ ဘယ်နေရာမှာ ရှိနေမှန်း မသိတဲ့ ညီအစ်မ အတွက် လက်စားချေဖို့  ခေါင်းမာမာနဲ့ ကို တောင်းဆိုနေတာပဲ။

ဒါက သူ့ ရဲ့ အာရုံကို ဆွဲဆောင်ဖို့ ဆိုတာ သိသိသာသာကြီးကို ထင်ရှားနေတာပဲ။ ဒါက တော်တော်လေး ရွံစရာကောင်းတယ်။

နန်ရှူက [Flowing Cool Breeze] သူမကို မသိကျိုးကျွန်ပြုနေတာကို မြင်လိုက်တယ်။ သူက လုံးဝကို တစ်သီးတခြား နေနေတာပဲ။ ဒါက သူမရဲ့  စိန်ခေါ်မှုကို လက်မခံဘူးဆိုတာ ရှင်းနေတာပဲ။

သူမက သူ့ ကို တိုက်ခိုက်အောင် အမိအရ တိုက်တွန်း နေပေမယ့် လည်း ဒီနေ့ တော့ တိုက်ခိုက်လို့  မရနိုင်တော့ဘူး။ ဒါကြောင့် သူမ ဒီတရားမဝင်တဲ့ တိုက်ပွဲကို [Flowing Cool Breeze] နဲ့  တိုက်ခိုက်နိုင်ရန်အတွက် main system ကို အကြောင်းကြား ရန်ပဲ  ကျန်တော့တယ်။

World Announcement: [Kneel to This Consort] က [Flowing Cool Breeze]ကို နှစ်ဦးတည်း တိုက်ခိုက်ရန် စိန်ခေါ်လိုက်သည်။ [Flowing Cool Breeze] သင် စိန်ခေါ်မှုကို လက်ခံပါမည်လား။

အခုတော့ Ning Shuက [Flowing Cool Breeze]ကို စိန်ခေါ်တာ gameထဲမှ လူတွေအားလုံး သိရှိကုန်ပြီ ဖြစ်သည်။

[Flowing Cool Breeze]ဆိုတာက gameထဲမှာ နတ်ဘုရားပဲ။ အခုတော့ အမည်ပင် မသိတဲ့ ကစားသမား တစ်ယောက် စိန်ခေါ်တာကို ခံလိုက်ရတယ်။ ဒါက နတ်ဘုရားတွေရဲ့  ပြိုင်ပွဲပဲ။ ကိုယ့်ရဲ့  သေခြင်းတရားဆီကို တန်းတန်းမတ်မတ် စိန်ခေါ်မှု၏ စွဲမက်ဖွယ်ကောင်းသော စွမ်းဆောင်မှုက လူတိုင်းကို အံသြသွားစေပြီး လက်မများကို ထောင်စေနိုင်ခဲ့သည်။

I'm a NPC (Realm-11) [Completed]Wo Geschichten leben. Entdecke jetzt