738

777 138 5
                                    

Zawgyi



Levels-Killing Fiend

နန်ရှူက အံ့သြချင်သယောင် မေးလိုက်သည်။
" [Kneel to This Consort]က ဘယ်သူလဲ။ ငါ သူမကို မသိဘူး။ "

[Let Your Highness Be Fertilized]က သူ၏ ဥာဏ်ရည် ဥာဏ်သွေးကို စော်ကားနေတယ်လို့  ခံစားခဲ့ရတယ်။ ပြီးတော့ သူက ထပ်ပြောခဲ့တယ်။
" Supreme Dragonအဖွဲ့ က ဆုလဒ်တွေကို ထုတ်ပေးလိမ့် မယ်။ မင်းကို သတ်နိုင်တဲ့ လူတိုင်းက ထိုပစ္စည်းတွေကို ရရှိလိမ့် မယ်။ ငါမင်းကို အဆင့်တစ်ဆင့်လောက် သတ်ပါရစေ။ ဒါပြီးရင် တော့မင်းသွားလို့  ရပြီ။ မင်းက [Kneel to This Consort] ဆိုတာ ငါသိတယ်။ မင်းရဲ့  IDအသစ်က [This Consort is Back]ဖြစ်ပြီး မင်းကအခုထိ martial artist အဖြစ် ရှိနေဆဲပဲ။ ဟန်ဆောင်နေတာတွေ ရပ်လိုက်တော့။ မင်းက ထိုအရာတွေကို ဖော်ပြနေမှတော့ ဘယ်သူက အကြောင်းအရာတွေကို မချိတ်ဆက်မိ ပဲနေမှာလဲ။ နေရာမှာပဲ ရပ်နေပေးပါ။ ငါမင်းကို သတ်ပါရစေ။ ဒါမှ လူတိုင်းက ကိုယ့်လမ်းကို ငြိမ်းချမ်းစွာ ဆက်လက်လျှောက်လှမ်းနိုင် မှာ။ "

Ning Shu: ..............

သူမက [Flowing Cool Breeze] ဒီလို လှုပ်ရှားလိမ့်မယ်လို့  ထင်မထားမိဘူး။ ဆုလာဘ်တွေ! ဟားဟား....... သူက လုံးဝကို အရှက်မရှိတာပဲ။

ပိုကောင်းသည်ဖြစ်စေ၊ ပိုဆိုးသည် ဖြစ်စေ သူမက အခုဆိုအချိန်မှာ levelအတော်လေး မြင့်မားနေခဲ့ပြီ။ သူမက [Let Your Highness Be Fertilized]ကို သတ်ဖို့  အဆင်သင့်ပဲ။ သူမ ချမ်းသာချင်နေတဲ့ ကစားသမားတွေနဲ့  ကြုံတွေ့တဲ့ အချိန်တိုင်း သူတို့ အဆင့်မကျမချင်း သတ်ပြစ်နေလိုက်တယ်။ အချိန်အနည်း ငယ် ကြာပြီးတဲ့နောက်မှာ ကစားသမားများက နန်ရှူကို တိုက်ခိုက် နေခဲ့ကြတာကို ရပ်တန့်ပြစ်ခဲ့လိုက်ကြတယ်။ ဒါပေမယ့် အခုတော့ အဆင့်မြင့် ကစားသမားများက သူမနောက်သို့  လိုက်လာခဲ့ကြတယ်။
T/N: နောက်လိုက် အနေနဲ့  မဟုတ်ဘဲ နန်ရှူကို သတ်ဖို့ လိုက် လာကြတာပါ။

နန်ရှူက Supreme Dragonက ဤမျှလောက် ကြီးထွားလာ မည်ကိုတော့ မမျှော်လင့်ထားမိချေ။ အဆင့်မြင့် ကစားသမားများကို လှုံ့ ဆော်ရန် အရည်အသွေးမြင့် ပစ္စည်းတွေ တော်တော်များများကို အသုံးပြုလိုက်မယ်တော့ မထင်ထားမိချေ။

I'm a NPC (Realm-11) [Completed]Where stories live. Discover now