intro🌸

2.3K 126 6
                                    

Uni/Zaw

ပန်းရောင်လွှမ်းနေသော
ချယ်ရီပင်ကြီးအောက်၀ယ်ပျံ့ကျဲနေသောပန်းရောင်ချယ်ရီပွင့်ဖတ်များကမြင်သူငေးကြည့်
လောက်ကိုပင်လှပလျက်ရှိနေလေသည်။
လေညှင်း၏
သယ်ဆောင်မှုကြောင့်ပြယ်လွင့်နေကြသော
ချယ်ရီပွင့်ဖတ်များကြား
ပြုံးကာပျော်ရွှင်နေသောဖြူလွှလွှပုံရိပ်ငယ်၊
ထိုပုံရိပ်ငယ်လေးအား
မနီးမ၀ေးနေရာမှပြုံး၍ကြည့်နေသောလူသား
ထိုမြင်ကွင်းလေးသည်
ချယ်ရီပင်အောက်လာလည်တတ်ကြသော
သူတို့အနေဖြင့်မြင်တိုင်းရိုးမသွားသော
မြင်ကွင်းလေးပင်ဖြစ်သည်။

"အဘိုးကြီးရေဒီနေ့ချယ်ရီတွေကြွေတာအများကြီးပဲနော်"

ကြွေကျနေသောချယ်ရီပွင့်တွေကြား
ချယ်ရီတွေနဲ့အပြိုင်
လှနေသောအဘိုးလေးသည်
အခုထိသူ့အသည်းနှလုံးကိုရက်ရက်စက်စက်
ချွေလို့မ၀သေးဘူးထင်သည်။
သူလည်းအနားသွားကာလက်မှာကိုင်ထားသောချယ်ရီတစ်ပွင့်ကိုနားတွင်ပန်ပေးလိုက်သည်။

"ချစ်ဖို့ကောင်းတယ်"

နဖူးပေါ်မှ၀ေ့၀ဲကျနေသောဆံစလေးများကို
သပ်သင်ပေးရင်းသူပြောတော့ကလေးငယ်သည်ချစ်ဖို့ကောင်းအောင်ပြုံးပြလာသည်။
ခါးလေးမှဆွဲကာရင်ခွင်ထဲသို့ကပ်လိုက်တော့ကလေးငယ်၏
လက်သွယ်သွယ်လေးကသူ့ရင်ဖတ်ပေါ်အပ်လာလေသည်။ဖြူစင်၀င်းမွတ်နေသောနဖူးကျယ်လေးအားညင်သာစွာအနမ်းပေးမိသည်။
အပ်ထားသောနှုတ်ခမ်းလေးကိုပြန်ရုတ်သိမ်းရင်းကိုယ်ငယ်လေးအားဖတ်ထားလိုက်သည်။

သူ၏ချစ်ရပါသောအမျိုးသားလေးသည်အခုချိန်ထိလှပခြင်းများမပြယ်သေး
အချစ်တွေဖြင့်သူ့အားလုံခြုံစေတုံးပင်၊သူကလည်းကလေးငယ်ကိုယုံယုံကြည်ကြည်ဖြင့်
အချစ်တွေကိုပုံအပ်ထားလေသည်။
အဘိုးလေးသည်တကယ့်ကိုရင့်ကျက်ပြီး
အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်သလို
မိဘကောင်းတစ်ယောက်လည်းဖြစ်ပေသည်။

"အဘိုးလေးရေမင်းမှတ်မိသေးလားဒီအပင်အောက်မှာကိုယ်တို့ဆုံတွေ့ခဲ့ကြတာကိုလေ"

"ဘယ်မေ့ပါ့မလဲဦးရယ်"

အဘိုးလေးရဲ့နားပေါ်ကသူပန်ပေးထားသော
ချယ်ရီပန်းပွင့်လေးကိုနမ်းရှုက်ကာအတိတ်ကိုပြန်တွေးရင်းသူမေးတော့
သူ့ရင်ခွင်ထဲကထွက်ကာကလေးငယ်သည်
ချယ်ရီပင်ကြီးကိုကြည့်ကာပြုံးရင်းပြောလာလေသည်။
အင်းသူတို့ရဲ့မမေ့ရက်စရာအမှတ်တရတွေ
သည်ဒီချယ်ရီပင်အောက်တွင်အစပြုခဲ့သည်
လေ။သူ့ရှေ့ကချယ်ရီပွင့်ဖတ်တွေနှင့်
ကိုယ်ငယ်လေးကိုကြည့်နေရင်း
ပြန်မြင်ယောင်မိသည်ကသူတို့နှစ်ဦးဆုံဆည်းရာအချိန်တွေဆီ၊

"Love In 35 Age" 🌸jinkook🌸✔Where stories live. Discover now