🌸Love in 35 age🌸 (B)

1K 96 9
                                    


Uni

အခန်း(2)
ရင်ခုန်သံဆည်းချက်လေး
🌸🌸🌸🌸🌸🌸

ကြောက်ရွံ့နေသောစိတ်ကိုဘေးဖယ်ကာ
ဟိုဦးလေးကြီးနောက်အမှီလိုက်ရသည်။
အမှန်ဆိုတွေ့ထဲကလူကိုစားမလို၀ါးမလိုကြည့်နေသောဦးလေးကြီးကြောင့်လူကသိပ်မယုံချင်။
ဒါပင်မဲ့လမ်းသွားလမ်းလာလူတွေမရှိတာကြောင့်အကူအညီတောင်းလိုက်ခြင်းပင်၊
အင်းအဲ့လူကြီးကတော့ကြည့်ရတာမဟုတ်တာလုပ်မဲ့ပုံမပေါ်ပါဘူး။ဘေးကလူကြီးကိုကြည့်မိတော့အရက်ရှည်ရှည်အသားဖြူဖြူ
အင်းချောတာထက်စာရင်တည်ကြည်ခန့ညားတယ်လို့ပြောရမည်။အရမ်းကိုယောက်ျားပီသသူတစ်ဦး။ထင်ရှားသောမေးရိုးကမျက်နှာလုံးလုံးကိုသွယ်အောင်ဖန်တီးပေးထားပုံ၊နှင်းဆီဖူးသဖွယ်နှုတ်ခမ်းလုံးသည်လည်းစွဲဆောင်မှုရှိလေသည်။မေးရှိုးတစ်လျှောက်ခက်စိမ်းစိမ်းအမွှေးနုတို့ကပိုမိုလာအောင်ထောက်ပံ့ပေးထားပြန်လေသည်။အင်းကမ်ဘာကြီးမှာအဲ့လိုပြီးပြည့်စုံတဲ့လူဆိုတာရှိသေးတာပဲ၊
ဟင်နေပါအုံး.....
ငါဘာတွေတွေးနေတာလည်း၊အခုမှတွေ့တဲ့လူကိုလေ၊အားးဂျောင်ကုကီးတို့ရူးနေပြီပဲ။
ကိုယ့်ကိုယ်ကိုအသိပေးကာအရှေ့ကလူကြီးမျက်နှာနုနုပေါ်ကသူ့အကြည့်တို့ကိုဖယ်ခွာလိုက်ရသည်။ဆက်ကြည့်၍မဖြစ်၊ရင်ဘတ်ကအကောင်ကအခုမှခုန်ဖူးသလိုခုန်ပေါက်နေခြင်းကြောင့် ၊
ဘယ်လိုဖြစ်နေလဲမသိတစ်ဒိတ်ဒိတ်နဲ့ခုန်နေတာဆက်ကြည့်နေမယ်ဆိုရင်
ဘေးကဦးလေးကြီးတောင်ကြားမှာဆိုးရတယ်။ခုန်နေသောနှလုံးသားလေးကိုမခုန်ဖို့သတိပေးရသည်။ကျစ် မျက်နှာတွေရောနားရွက်
ဖျားတွေရောနီနေတော့မှာပဲ၊
သူတွေးနေတုန်းရုတ်တရက်အရှေ့မှလူကြီးသည်လျှောက်လှမ်းနေသောခြေလှမ်းများကိုရပ်
လိုက်လေသည်။
သူလည်းလန့်သွားကာမော့ကြည့်မိတော့
သူ့အနားကိုတဖြည်းဖြည်းတိုးလာနေသော
မျက်၀န်းစူးရှရှနဲ့လူသား......

"ဘာ ဘာလုပ်!"

အနားသို့တိုးလာကာကိုယ်ကိုကိုင်း၍
မျက်နှာနားတိုးကပ်လာသူကြောင့်
သူအလန့်တကြားအော်လိုက်ရသည်။
ဒီအခြေအနေကြီးကဘယ်လိုကြီးလဲ?သူ့ကိုဘာလုပ်မလို့လဲ၊မဟုတ်မှအားးမဖြစ်ဘူးလေ။
ရင်တွင်း၌ကမ်ဘာပျက်နေလေပြီ။
သူတွေးနေရင်းမျက်နှာနားနားပို၍တိုးကပ်လာသောကြောင့်လန့်ကာမျက်၀န်းတွေကိုပိတ်လိုက်ရသည်။နီးကပ်နေသောအနေအထားကြောင့်တစ်ဖတ်ကလူ၏အသက်ရှုသံလေနွေးနွေးသည်သူ့မျက်နှာနားရိုက်ခတ်နေလေသည်။
ရင်ခုန်သံတွေကဘယ်ကလဲမသိ၀ုန်းဒိုင်းကြဲလို့။
ခဏအကြာ
နားရွက်ဖျားလေးသည်အေးစက်သွားမှုနဲ့အတူ
ဟက်ခနဲရယ်သံသဲ့သဲ့ကိုကြားလိုက်ရသည်။
မှိတ်ထားသောမျက်၀န်းတို့ကိုဖွင့်ကြည့်တော့
ရှေ့ကလူသည်သူ့ကိုပြုံးပြုံးကြီးကြည့်နေလေသည်။

"Love In 35 Age" 🌸jinkook🌸✔Where stories live. Discover now