Uni
ညလေညှင်းသည်Bora Boraကမ်းခြေသို့
ဖြတ်၍တိုက်ခတ်သွားချိန်မှာ
ခါးပေါ်ကလက်လေးသည်တင်းကျပ်သွားလေသည်။သောင်ပြင်ပေါ်မှ
သူတို့၏ရင်ခုန်စရာညတစ်ည၊
ရင်ခွင်ထဲမှမြတ်နိုးသူလေးသည်သူ့ကိုဖတ်ထားကာ၀ိုင်လေးတစ်ခွက်ဖြင့်
လမင်းကြီးကိုငေးကြည့်ကာနေလေသည် ။
သူကတော့
သဘာ၀တရားကြီးကိုလည်းဂရုမစိုက်နိုင်
နို့နံ့သင်းနေသောပါးပြင်လေးအား
အနမ်းတွေထပ်ခါထပ်ခါပေးရင်းအလုပ်ရှုပ်နေသည်။
အသည်းယားလို့ပါးလေးကိုတစ်ခါကိုက်လိုက်တိုင်းထွက်လာတာကတခစ်ခစ်ရီသံလေး၊
သူ့နားထဲပျားသကာထက်ပင်
ချိုနေလေသည်။
အမျိုးမျိုးပြုစားနေပါသောကိုယ့်ရဲ့မူပိုင်
အရှင်သခင်လေး၊"ဦး လမင်းကြီးကိုလည်းကြည့်ပါအုံး
ကုကီးကိုဘဲကြည့်မနေနဲ့လေ"နားရွက်ဖျားလေးတွေကနီမြန်းကာ
ပါးဖေါင်းဖေါင်းလေး
ကလည်း၀ိုင်ရဲ့အရှန်ကြောင့်ရောသူကိုက်ထားလို့ရောနီရဲနေလေသည်။
သူအသည်းယားလာပြန်၍ပါးလေးကို
ထပ်ကိုက်မိလိုက်သည်။
ဒါကိုမူပိုင်ရှင်လေးကဘေးဘီကိုကြည့်ကာသူ့ရင်ခွင်ထဲမျက်နှာအပ်လာသည်။
ပါးစပ်ကလည်းပွစိပွစိဖြင့်
ကဲ
ဘယ်လောက်ချစ်စရာကောင်းလိုက်လဲ၊"လေတိုက်တယ်ကလေးငယ်
အထဲ၀င်ကြမလား"ရင်ခွင်ထဲကနေသူ့ကိုမော့ကြည့်ကာ
ပြုံးပြပြီးလက်ကိုဆန့်တန်းပေးလာတဲ့အမူးသမားလေးကြောင့်
ခေါင်းလေးကိုမနာအောင်ခပ်ဖွဖွလေးခေါက်လိုက်သည်။
ဒါကိုကောင်ငယ်လေးကစိတ်ဆိုးသွားသည်
ထင်ပါ့၊ရင်ခွင်ထဲကနေထွက်ကာ
သူ့ကိုမျက်စောင်းထိုးပြီး
ထထွက်သွားလေသည်။
သွားပြီ။အမူးသမားလေးကမူးလာရင်ရစ်တတ်တယ်ဆိုတာသူမေ့သွားတာ၊
အခုတော့ရစ်စိန်လေးအားချော့ရတော့မည်။
အင်းးကမ်ဆော့ဂျင်ရေ
ဒီနေ့တော့မင်းအိပ်ဖို့မစဥ်းစားနဲ့တော့ကွ၊"ကုကီးလေး နေအုံးလေ"
အရှေ့ကယိုင်နဲ့နဲ့ဖြစ်နေသောကိုယ်လေးကို
လှမ်းဆွဲလိုက်လေတော့
အားမရှိသည့်နှယ်ယိုင်တိုင်တိုင်ဖြင့်ရင်ခွင်ထဲရောက်လာလေသည်။
ကုကီးကပဲအားမရှိတာလား၊သူကဘဲ
ပိုလွန်းနေတာလားမသိပေ။
ဖယ်ချနေသော
လက်လေးများကိုဆုပ်ကိုင်ကာမျက်နှာဖြူနုနုကိုကြည့်လိုက်တော့
နှုတ်ခမ်းပါးလေးသည်ဘဲနှုတ်ခမ်းလိုစူထားလေသည်။
ထိုဘဲလေးအားဖိနမ်းလေတော့အမူးပါးလေးကမတွန်းထုတ်၊မျက်၀န်းလေးကိုတောင်
မှေးဆင်းထားသေးသည်။
အင်းးဒီတစ်ခါတော့ထူးထူးဆန်းဆန်း
ချော့တောင်မချော့လိုက်ရပါလား။
အမူးပါးလေးအားတံတောင်ဆစ်မှပွေ့ချီလေတော့လက်သွယ်သွယ်တွေကလည်ပင်းကို
သိုင်းဖတ်လာသည်၊
အနီးကပ်မြင်နေရသောနဖူးပြင်လေးအား
အမိအရလှမ်းနမ်းလိုက်သည်။
ပြီးတော့သူတို့အခန်းလေးဆီသို့.................။
YOU ARE READING
"Love In 35 Age" 🌸jinkook🌸✔
Fanfiction"35နှစ်ရွယ်အချစ်" Short story (jinkook) #bottom jungkook #Top jin 🍓🍓🍓