🌸Love in 35 age🌸(F)

843 68 35
                                    

Uni

ချစ်ရသူ၏ရင်ခွင်ထဲမှနိုးထလာရသော
မနက်ခင်းသည်
သိပ်ကိုမှလှပပါဲရဲ့လေ၊
ခပ်သင်းသင်းကိုယ်သင့်းရနံ့ကနှာခေါင်းဖျားမှ
လာရောက်ရိုက်ခတ်လေတော့
ပိုလို့ပင်တိုး၍ဖတ်လိုက်ပြီးနှုတ်ခမ်းထောင့်
စွန်းကော့တတ်သည်အထိ
ပြုံးလိုက်သည်။
ရင်ခွင်ကျယ်ကြီးကိုမျက်နှာအပ်ကာ
မြင်နေရသောရင်ဘက်ကျယ်ကျယ်အားအသည်းယား၍ရှေ့သွား
ကြီးကြီးလေးတွေဖြင့်တစ်တိတိကိုက်သည်။
မော့ကြည့်လေ၍
မြင်ရသောမေးဖျားအားလှမ်းနမ်းသည်။
နှာခေါင်းချွန်လေးအား
နှုတ်ခမ်းလေးဖြင့်ထိကပ်သည်။
လည်ပင်းသားဖွေးဖွေးလေးမှထင်းနေသော
လည်စလုတ်လေးအား
နှာခေါင်းထိပ်လေးဖြင့်မထိတထိပွတ်သပ်သည်။

အိပ်ရာထဲကနေတစ်ယောက်တည်းအလုပ်များနေသောယုန်လေးရယ်ပါ။
လုပ်ချင်တာလုပ်နေရ၍ထင်၊တစ်ခစ်ခစ်ရယ်
သံလေးများကလည်းထွက်လို့.......

အိပ်ပျော်နေရာမှအပေါ်ပိုင်းတစ်ခုလုံး
တစ်စစ်စစ်ဖြင့်
နာလာသလို၊ရယ်သံမြူးမြူးလေးက
နားထဲသို့၀င်ရောက်လာလေတော့မျက်၀န်းတွေအားဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်။

ဟော
တွေ့ပါပြီ၊အနမ်းသခိုးလေးကို...
ကိုယ့်ခန္ဒာကိုယ်ကို
လုပ်ချင်တိုင်းလုပ်နေရ၍ရယ်သံလေးတွေက
တစ်စာစာထွက်နေတာကိုးးး

သွားကြီးကြီးလေးကြောင့်နာသော်လည်း
ချစ်သူလေးက
ချစ်စရာကောင်းနေတာကြောင့်
ဒီအတိုင်းနေလိုက်ကာ
နှာခေါင်းနားမှခေါင်းလုံးလုံးလေးအား
နမ်းရှိက်နေလိုက်သည်။
ခဏအကြာမောသွားလို့ထင်ပါရဲ့၊
အသံလေးတွေဟာလည်း
တိတ်သွားကာရင်ခွင်ထဲတွင်အသက်ရှုသံမျှင်း
မျှင်းဖြင့်ပြန်အိပ်ပျော်သွားလေသည်။

ရင်ခွင်ထဲမှယုန်ဆိုးလေးအားတင်းကျပ်စွာ
ပြန်လည်ဖတ်တွယ်ရင်း
သူလည်းတစ်ဖန်အိပ်စက်ခြင်းဆီသို့...... .။

ချစ်သူနှင်နိုးထရသောမနက်ခင်းတိုင်းသည်
တကယ်ကိုပျော်ရွှင်ဖွယ်ရာ
ကောင်းလေသည်။

❤❤❤❤

မနက်ခင်းကလေးငယ်အားအကုန်ပြင်ဆင်ပေး
ပြီးသူလည်းအလုပ်သွားဖို့ပြင်ရလေသည်။
လက်ရှည်အကျ..ကို၀တ်တော့
သူ၏ခင်ပွန်းသေးသေးလေးကအနားသို့လာ
ကာအကုန်လုပ်ပေးသည်။
အရှေ့တွင်မိမိအားnecktieချည်ပေးနေ၍
မြင်ရသောနားရွက်ပါးလေးအား
ငုံနမ်းလိုက်တော့အကြင်သူလေးသည်
သွားလေးတွေပေါ်အောင်ရယ်ပြလေသည်။

"Love In 35 Age" 🌸jinkook🌸✔Where stories live. Discover now