Uni
"ဦးရေ ကုကီးလာပြီ"
မနက်ခင်းကြားနေကြအသံစာစာလေးနှင့်အတူခါးပေါ်ရောက်လာသောလက်တစ်စုံ၊
ချစ်သူဖြစ်ပြီးတဲ့အချိန်မှာပြောင်းလဲလာတာကထိုကလေးငယ်၏အပြုအမူတွေ၊ တစ်ခါတစ်လေသူ့အပေါ်စိတ်ဆိုးစိတ်ကောက်တော်မူပါသေးတယ်။ဒါပင်မယ့်ချစ်ဖို့ကောင်းမူကြီးကတော့
အရင်တုန်းကအတိုင်းပြောင်းလဲမသွား၊
အင်းတစ်ခုတော့ရှိတယ်၊
အဲ့ဒါကတော့ကလေးငယ်ကအရင်ကထက်ပိုပြီးချောလာတာဘဲ၊အဲ့ဒီမှာပြဿနာတတ်တာသူကချစ်လွန်းလို့သ၀န်တိုရတာအခါခါ၊
အဲ့ဒါကြောင့်ရန်ဖြစ်ရတာလည်းအကြိမ်ကြိမ်
ဒါပင်မယ့်ကိုယ်ကချစ်ရသူမို့အလျော့ပေးရသည်လေ။မနေနိုင်သူမို့၊"ဦးရဲ့ကလေးလေး"
"ဗျာ"
ဆိုဖာပေါ်တွင်ဖုန်းကြည့်ကာပါးစပ်လေးက
ပွစိပွစိဖြစ်နေသောကလေးလေးနားသွားကာ
သူခေါ်လိုက်တော့
သူ့ကိုမကြည့်ဘဲထူးသောကလေးကို
သူဘယ်လိုအသည်းယားမှန်းမသိ၊တစ်နေ့တစ်နေ့ကင်မ်ဂျောင်ကုကိုအသည်းယားလွန်လို့ဘယ်လိုလုပ်ရပါ့၊
ဟူးခတ်တယ် ကိုယ့်ရဲ့မီးအိမ်ရှင်လေးရယ်....။"ဦး ဒီနေ့ကုကီးကျောင်းမတတ်ချင်လို့ အဲ့ဒါလေ"
၀ိုင်းစက်နေသောမျက်၀န်းတွေကိုတမင်ပို၀ိုင်းကာချွဲပြီးပြောလာသော
ချစ်ရသူကြောင့်သူပြုံးလိုက်မိသည်။
ဒီကလေးသူ့ကိုချုတ်နေတာသူသိတာပေါ့၊
သူ့အကြောင်းကိုသိသူပီပီဒီကလေးကဒီလိုလည်းသူ့ကိုအနိုင်ယူတတ်ပါသေးသည်။
ကဲကြည့် ဘယ်လောက်အသည်းယားဖို့
ကောင်းလိုက်လဲ၊"နော်ဦး နော် နော်လို့!"
ကြည့်ကာပြုံးနေသောသူ့ကို
စိတ်မရှည်သည့်နှယ်ခေါ်လာလေတော့
ကင်မ်ဆော့ဂျင်တစ်ယောက်လက်မြှောက်အရှုံးပေးရပါတော့သည်။
လူတတ်လေးကလိုချင်တာရသွားလို့ထင်
သူ့ပါးကိုရွှတ်ခနဲလာနမ်းကာ
မရှိတော့သောဇီ၀န်ကိုပါချွေသွားသေးသည်။
အော်ခတ်တယ် ခတ်တယ်။"ဟီး အဲ့ဒါဆိုရင်ဦးလည်းခွင့်ယူ
သားကိုကစားကွင်းလိုက်ပို့"အမိန့်သံမမြည်တဲ့အမိန့်စကားတိုင်းဟာ
သူ့အတွက်တော့
အမြဲနာခံရသောအရာသာတွေသာဖြစ်သည်။
ခေါင်းငြိမ့်ပြကာပါးဖောင်းဖောင်းလေးကို
လိမ်ဆွဲလိုက်တော့ပြန်ပြုံးပြလာသော
အကောင်ငယ်
အရမ်းချစ်ဖို့ကောင်းပါရဲ့၊
YOU ARE READING
"Love In 35 Age" 🌸jinkook🌸✔
Fanfiction"35နှစ်ရွယ်အချစ်" Short story (jinkook) #bottom jungkook #Top jin 🍓🍓🍓