Who the hell are you?

3.9K 274 6
                                    

< Unicode >

" ဒီနေ့ရော ဘယ်သူ့ကို ဒုက္ခပေးရင် ကောင်းမလဲ "

Air pod အမည်းရောင်တစ်ဖက်ကို နားထဲ
ထည့်လိုက်ရင်း ပီကေကို ဝါးနေလိုက်သည်။
Airpodထဲမှသီချင်းကို ညည်းနေရင်း ပြိုင်ကားအနီရောင် လီဗာကို နင်းလိုက်ပြီး ကျောင်းသို့ ဦးတည်လိုက်သည်။
ပြိုင်ကားအမိုးကို ဖွင့်ထားပြီး သူ့စီ တိုးဝှေ့လာတဲ့
လေညင်းအေးအေးလေးတွေကို ဆောင်းဟွန်း
ခံစားနေလိုက်သည်။ အထက်တန်း ကျောင်းသားက
ပြိုင်ကားမောင်းနေတာက သေချာပေါက်
ထူးဆန်းနေမှာပေါ့ ဟုတ်တယ်မလား။

ဒါပေမဲ့ ဘာဂရုစိုက်စရာရှိသလဲ။

ဆောင်းဟွန်း မဲ့ပြုံးပြုံးလိုက်ရင်း စီယာတိုင်ကို
လက်တစ်ဖက်တည်းနဲ့ ကိုင်ထားရင်း ကျန်တစ်ဖက်ကို ကားတံခါးပေါက်ဘောင်တွင် တင်ထားလိုက်သည်။ လေညင်းလေးတွေရော ပီကေအရသာရောကို
ခံစားရင်း....။

သေချာပေါက် သူများတွေအမြင်မှာ ထူးဆန်းပြီး
မိုက်နေမှာပေါ့။ အခုတောင် လမ်းမပေါ်က လူတွေရဲ့ အကြည့်တွေဟာ သေချာပေါက် ပြိုင်ကား
အနီရောင်ပေါ်က သူ့စီရောက်နေပြီလေ။

ကိုရီးယားနိုင်ငံ လွှတ်တော်အမတ် ပတ်ဟွန်းဆန်းရဲ့ သား ပတ်ဆောင်းဟွန်း။

ဖခင်ဖြစ်သူကြောင့် အရာရာ ပြီးပြည့်စုံနေတယ်
ပြောလည်း မမှားပါဘူးလေ။ အခုတောင် သူ
အသက်မပြည့်သေးပဲ ကားမောင်းနေနိုင်တာကို ကြည့်လေ။ လွှတ်တော်အမတ်ဖြစ်တဲ့အပြင်
စီးပွါးရေးသမားလည်း ဖြစ်တာကြောင့် ငွေကို ရေလိုသုံးဖြုန်းနိုင်သည့်အပြင် ဒီ အထက်တန်းကျောင်းကိုလည်း
စိတ်ကြိုက် ခြယ်လှယ်နိုင်သေးသည်။ အဲ့ဒါအပြင်
အဘိုးဖြစ်သူက သမ္မတအဟောင်း ဒါတောင်
မိခင်ဖြစ်သူ၏ အလုပ်အကိုင်မပါသေး။

အဲ့ဒါကြောင့်ပဲ သူက အင်မတန်မှ ပြိုင်ဖက်ကင်းတဲ့ ပတ်ဆောင်းဟွန်း ဖြစ်နေတာလေ။ သူ့ကို လာထိတာနဲ့ ထိတဲ့လူတွေကို သေလောက်အောင် ဒုက္ခပြန်ပေးမည့် ကျောင်းက သူ့Fanတွေရယ် နောက်ကလူတွေရယ်နဲ့။

ဒါ လုံးဝကြီးကို မိုက်တယ်လို့ ပြောလို့ရတယ်မလား ?




ကျောင်းဝန်းထဲ ဝင်လိုက်တာနဲ့ ဆူညံသွားတဲ့
မိန်းကလေးအော်သံတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ သို့သော် သူ့အတွက် ဒီအခြေအနေဟာ မထူးဆန်းလှပေ နေ့တိုင်း ကြားနေရတာလေ..။
အဲ့လောက်ထိ နာမည်ကြီးတယ်လို့ နှုတ်က
မပြောချင်ပေမဲ့ သူက အဲ့လောက်ထိ နာမည်ကြီးတာတော့ အမှန်ပါ။

 Impossible to Ignore youWhere stories live. Discover now