Kim Sunoo , Just Wait For It !!

1.4K 208 8
                                    

< Unicode >

သာမာန်ဆို ဆောနူ အဲ့ ဘဝင်ရူးကို ဒီလောက်အထိ
ပြန်လုပ်ဖို့ စိတ်ကူးမရှိပါဘူး။ ဒီတိုင်း ခြေထိုးခံတဲ့
ကလေးအကွက်တွေသာ ဖြစ်သည်။
သို့သော် နွားနို့တွေ ပေကျံနေလျက်နဲ့
သူ သဘောကျတဲ့သူစီ သွားရမှာကို
ဒေါသထွက်တာဖြစ်သည်။

အခုဆို ဘယ်လိုလုပ်ရမလဲ။ အချိန်ကလဲမရှိတော့ဘူး မသွားလို့လည်းမရဘူး။ သူက အရမ်း လွမ်းနေလို့
တွေ့ချင်နေတာလေ။ ကော်ဖီဆိုင်ထဲကို
ခပ်သုတ်သုတ်ဝင်ခဲ့ပြီး သူ ပါးမို့မို့လေးတွေ
မျက်လုံးနား ကပ်တော့မည့်အထိ သဘောကျစွာ
ပြုံးမိသွားသည်။

" ဟီဆွန်း ဟျောင်းန် "

" ကလေးလေး လာပြီပဲ "

ကလေးလေး ..
အဲ့လို ခေါ်လိုက်တိုင်း သူ ဘယ်အချိန်မဆို
ရင်တွေခုန်ရပါသေးသည်။ အဲ့ဒီ နူးနူးညံ့ညံ့
မျက်လုံးလေးတွေနဲ့ သူ့ကို ကြည့်လိုက်တိုင်း
တစ်ဘဝလုံး ပုံအပ်ပစ်လိုက်ချင်သည်။
အဲ့လောက်အထိ သဘောကျပါသည်။

" အယ် နွားနို့တွေ ပေနေတာလား "

ဟျောင်းန်ကိုတော့ သူဘာဖြစ်ခဲ့လဲ မပြောချင်။
ဟျောင်းန်က စိတ်ပူနေမယ့်အစား အမြဲ
အကြံဉာဏ်တွေပဲ ပေးမှာလေ။

" ဟုတ်တယ်...ခဏလေးနော် Coat အင်္ကျီချွတ်ဦးမယ် "

" ပြေးလာခဲ့တာလား ချွေးတွေလည်း ထွက်နေတာပဲ "

ကျောင်းဆင်းတာနဲ့ နွားနို့တွေပေနေတဲ့ Coat
အင်္ကျိကိုတောင် ဂရုမစိုက်ပဲ ပြေးခဲ့ရတာ
ချွေးတွေကတော့ ထွက်မှာပေါ့လေ။
ဘယ်လိုလုပ်ရမလဲ ချွေးနံ့တွေ နံနေတော့မှာပဲ..။

" ဟုတ် ပြေးလာခဲ့တာ "
" ဟျောင်းန်...."

"ငြိမ်ငြိမ်နေစမ်း"

အလွန် ခန့်မှန်းရခက်သည့် ဟီဆွန်းဟျောင်းန်သည်
အခုလည်း သူ့နားကပ်လာပြီး တစ်ရှူးဖြင့် နှဖူးတစ်ဝိုက်ကို သုတ်ပေးနေလေသည်။ အဲ့ဒီ မျက်လုံးလှလှလေးတွေကို သူ စတွေ့ကတည်းကနေ အခုထိ.. မခန့်မှန်းနိုင်ခဲ့။
အခုလည်း သူ ကျဆုံးဆဲ မခန့်မှန်းနိုင်ဆဲ။ လက်ရှိမှာ
ဟီဆွန်းဟျောင်းန် အသက်ရှူသံတွေကို
သူ့နားထဲ ကျယ်လောင်စွာ ကြားနေရသည်။

 Impossible to Ignore youWhere stories live. Discover now