first date?

1.6K 218 17
                                    

< Unicode >

မနက်နိုးကတည်းက ဆောနူပြုံးနေမိသည်။
တစ်နေကုန်လည်း ငြိမ်ငြိမ်မနေနိုင်။ ဗီဒိုထဲမှ
ရှိသမျှ အင်္ကျီတွေထုတ်လိုက် မှန်ရှေ့သွားလိုက်နဲ့..။
ဟီဆွန်းဟျောင်းန်ကို သူမရရအောင် ချိန်းခဲ့ပြီး နောက်ဆုံးတော့ လွမ်းနေတဲ့ မျက်နှာလေးကို တွေ့ရတော့မယ့်
နေ့ဖြစ်သည်။ ဟီဆွန်းဟျောင်းန်ကလည်း
သူ့ကို ပြောစရာရှိလို့ လာခဲ့မယ်တဲ့လေ..။

ဘာတွေဝတ်သွားရင် ကောင်းမလဲ။
မဖြစ်သေးပါဘူး...အဟောင်းတွေကျ
ကြည့်လို့မကောင်းဘူး။ လူကြီးဆန်ရမလား
ချစ်စရာကောင်းရမလား။ သူက ဘာဝတ်ဝတ်
လိုက်ပါတယ်လေ။

နာရီပေါင်းများစွာ ခေါင်းရှုပ်ခံပြီးနောက် အသစ်
စက်စက် အဝါရောင် Hoodieလေးကို ဝတ်ဆင်လိုက်ပြီး အရင်က ဟီဆွန်းဟျောင်းန် လက်ဆောင်ပေးထားသည့် Cap ပန်းရောင်လေးကိုလဲ ဝတ်လိုက်သည်။

ဒီလောက်ဆို ရပြီထင်တယ်။
ရင်ခုန်လိုက်တာ..
ဘယ်တော့မှ မအားတဲ့ဟျောင်းန်က ဒီတစ်ခါတော့
လာမယ်တဲ့လေ..။







" ဟျောင်းန် "

ဆိုင်ထဲဝင်လာတဲ့ ဟျောင်းန်ကို ကလေးတစ်ယောက်လို လှမ်းခေါ်လိုက်ရင်း မျက်လုံးလေးတွေ ရှေ့ကို
မမြင်နိုင်တော့တဲ့အထိ ပြုံးပြလိုက်သည်။

" နောက်ကျသွားလို့ Sorry "

ဆံပင်တွေကို သပ်တင်ရင်း ဆောနူရှေ့မှာ ထိုင်လိုက်သည်။အနားရောက်လာတာနဲ့ နှာခေါင်းထဲ ဝင်လာတဲ့ ယောကျာင်္းဆန်ဆန် ရေမွှေးအနံ့တို့ကြောင့် ဆောနူက ခပ်ပြုံးပြုံး။

ဘာလို့များ အဲ့လောက်တောင် လူကြီးဆန်ရတာပါလိမ့်။
ဝတ်ပုံစားပုံကအစ သပ်ရပ်ပြီး သူအခု ဝတ်ထားတာတွေနဲ့ တခြားစီ...။




" ဘာလို့ တွေ့ချင်ရတာလဲ ကလေးလေး "

ဟီဆွန်းက Steak လှီးပြီးတဲ့ သူ့ရဲ့ ပန်းကန်ကို ဆောနူရှေ့က ဘာမှမလုပ်ရသေးတဲ့ ပန်းကန်နဲ့ လဲလိုက်ပြီး မေးတာကြောင့် ဆောနူဟာ ပြုံးလျက်..။စကားလုံးတွေဟာ မချိုသာပေမယ့် အပြုအမူတွေကနေအမြဲ ဂရုစိုက်တာကြောင့် ဆောနူ ပိုသဘောကျမိသည်။ ဒါ သူ့ရဲ့ ဟီဆွန်းဟျောင်းန်လေ !

 Impossible to Ignore youWhere stories live. Discover now