Our story begins

1.4K 215 24
                                    

< Unicode >

အနောက်ကနေ ဆောင့်တွန်းခံလိုက်ရတာကြောင့်
ဆောနူ ဟန်ချက်ပျက်သွားပြီး မြေကြီးပေါ်
ပြုတ်ကျခဲ့ရသည်။ မျက်နှာဖြင့် ပြုတ်ကျတာရော ညကအိပ်ရေးပျက်ပြီး ငိုထားတာတွေရောကြောင့်
ဆောနူ တော်တော်နဲ့ ပြန်မထနိုင်တော့...။

" ကင်မ်ဆောနူက ပျော့လိုက်တာ ငါ့ကိုပြန်ချလေ "

မြေကြီးပေါ်က ဆောနူကို လည်ပင်းမှာရှိတဲ့ ကော်လံကနေအားနဲ့ ဆွဲနေတဲ့ ခပ်ထွားထွား ကျောင်းသားကြောင့် ဆောနူ သက်ပြင်းချမိသည်။

စိတ်ညစ်ပါတယ်ဆို အာရုံလာနောက်ပြန်ပြီ..။
ရန်ဖြစ်ချင်စိတ်လည်းမရှိသလို ဖြစ်လည်းမဖြစ်ချင်တော့။ တစ်ဦးတည်းသောလေးအတွက် လိမ္မာတဲ့
ကောင်လေးဖြစ်ချင်သည်။

" နောက်နေ့ကျ ပြန်ချပေးမယ် ဒီနေ့တော့ အေးဆေးနေ ငါပင်ပန်းနေတယ် "

" နောက်နေ့ပြန်ချမယ်ဆိုပဲ "

" တော်တော် သတ္တိရှိနေပါလား "

" နင်က သူလုပ်ရင် သေသွားမှာ "

" ဟဲ့ သူမှတ်သွားအောင် ချစမ်းပါ "

ဘေးကလူတွေကြောင့် ဆောနူ ပိုအာရုံ
နောက်လာရသည်။ စကားသံ တိုးတိုးတွေအပြင် လက်ညိုးတွေသည် သူများတွေ အာရုံစိုက်တာကို
မလိုချင်တဲ့ ဆောနူအတွက် စိတ်ပင်ပန်းစေသည်။

" အာရုံလာမနောက်နဲ့လို့ !!!!! "

ထိုကျောင်းသား ရွယ်ထားသည့် လက်သီးသည့်
သူ့မျက်နှာပေါ်မကျခင် သူ ထိုကျောင်းသားကို အော်ရင်း ရင်ဝတည့်တည့်ကို ကန်လိုက်တာကြောင့် ထိုကျောင်းသားသည် ဟန်ချက်ပျက်ကာ အနောက်ကို ယိုင်ကျသွားသည်။

" စောက်စကားလာများမနေနဲ့ ငြိမ်ငြိမ်နေ "

ကင်မ်ဆောနူကို လာစမ်းရင် အဆိပ်ပြင်းပြင်းမိတယ်ဆိုတာ မသိကြသေးတဲ့ပုံပဲ။ တကယ်တမ်း
နူးညံ့နေတဲ့ကောင်လေး မဟုတ်တာ သူ့ကိုယ်သူ
အသိဆုံးပင်။သူကအရင် ဦးအောင် ကန်လိုက်ရလို့
ဝမ်းသာမိပေမယ့် ရန်မဖြစ်ချင်တာကြောင့်
စိတ်ညစ်ရပြန်သည်။

 Impossible to Ignore youWhere stories live. Discover now