လွင်-(၁)

4.7K 269 16
                                    

Unicode

လွင်-အပိုင်း()

||တိတ်တဆိတ် မြတ်နိုးရခြင်းပါလွင်||

ညှိုးခြောက်ကြွေကျလာတတ်ကြသည့် ရွက်ဝါ၊
ရွက်ခြောက်များက ဒီကနေ့မယ်လည်း ဆိုင်ရှေ့
မျက်နှာစာ၌ လွင့်လူးလျက် ပြန့်ကာကြဲနေကြ
ပြန်ပါ​၏။

လေတို့မြူးနေကြသေး၍ တံမြက်လှည်းလျှင်
လည်း ဘာမျှထူးမည်မဟုတ်ပေ။သည်တော့
လွင်မင်းသန့်ခမျာ တံမြက်စည်းတစ်ချောင်းနှင့်
လေမြူးရပ်မည့်အချိန်အား စောင့်ဆိုင်းနေရ
သည်။သို့နှင့် စားပွဲခုံများကိုလည်း သူက
လိုက်ချထားဖြစ်လိုက်သည်။တစ်လုပ်ပြီးလျှင်
လည်း အလုပ်များထဲမှ တစ်ခုပြီးသွားမည်
မဟုတ်ပေလား။

'ဒေါ်ဒေါ်တင်ထမင်းဆိုင်'

လွင်မင်းသန့်က သူ့ကြီးတော်​​၏ထမင်းဆိုင်
ဆိုင်းဘုတ်ပြားကိုကြည့်ကာ အနည်းငယ်စူပုပ်
နေသည်။ဒေါ်ဒေါ်တင်..ထိုနာမည်ရှင် 'တင်'က
သူ​၏ ကြီးကြီးတင်သာဖြစ်သည်။

ကြီးကြီးတင်က မည်သို့သောစိတ်ကူးစိတ်သန်း
ဖြင့် ပုံတုံးသည့်ထိုနာမည်ကြီးအား ပေးထား
သည်လည်းမသိချေ။လွင်မင်းသန့်ကတော့
သိပ်သဘောမခွေ့လှ။သို့ပေမင့် ဒေါ်ဒေါ်တင်
ထမင်းဆိုင်ဟုပြောလျှင်တော့ ဤရပ်ဝန်းကျင်၊
ရပ်ကွက်များပင်မက အခြားသော နီးစပ်ရာမြို့
ကလေးများကပါ မိသားစုလိုက်တကူးတက
လာရောက်စားတတ်ကြသည်များမှာ မနည်း
လှချေ။

"မင်းသန့်ရေ.."

"သိပြီသိပြီ ကြီးကြီးတင်ရေ.."

ကြီးကြီးတင်က ဘာမျှပြောမလာသေးခင်
သူက ကြိုတင်စကားဦးသန်းထားပစ်လိုက်
သည်။လေမြူးတို့တည်ငြိမ်သွား၍လည်း
လွင်မင်းသန့်က တံမြက်လှည်းလို့နေပြီ။

"ဟော..ဒီကလေးနှယ် ဘာတွေသိနေတာလဲ၊
ကြီးကြီးတင် ဘာမှတောင်မပြောရသေးဘူး
လေ"

"ခဏနေ ဘုန်းဘုန်းတွေဆွမ်းခံထွက်တာရောက်
လာခါနီးပြီလေ..အဲ့တာပြောမလို့မဟုတ်လား"

"ဟုတ်တယ်ဟုတ်တယ်..ကြီးကြီးတင် ဆွမ်းဟင်းတွေပြင်ထားပြီးပြီ"

လွင်(လြင္)||Completed||Where stories live. Discover now