လွင်-(၃)

982 156 10
                                    

Unicode

လွင်-အပိုင်း()

||ကျွန်တော့်ရဲ့အကျင့်သိက္ခာကို အပေါင်အနေနဲ့
အပ်နှံထားပါရစေ||

ညှိုးခြောက်ရွက်ငယ်တွေလို..အကြောင်းပြ
ချက်တစ်ခုက ခိုင်လုံခဲ့တယ်လွင်။

ဒီအချက်မှာ-တစ်..လွင်နေမကောင်းဘူး။
နှစ်ဆိုတာရှိလည်း လွင်နေမကောင်းဘူးလို့
အစ်ကိုက ရေရွတ်နေမိတော့မဲ့အဖြစ်ပါလေ။

ဒီရင်မယ် လှိုင်းကြက်ခွပ်တွေနဲ့အလားသဏ္ဌာန်
တူတဲ့ ပြင်းပြတဲ့စိုးရိမ်စိတ်တွေလည်းဖြစ်ပေါ်
နေခဲ့တယ်။

"လွင် သက်သာရဲ့လားဟင်။ဗိုက်ကအောင့်နေ
သေးသလား"

လွင်က ကုလားထိုင်ပေါ်မယ် ခေါင်းအုံးလေးခု
ကာ မှီလှဲနေသည်။မျက်ဝန်းကလေးများက
အဖျားသွေးဒဏ်နှင့် ရဲကာမှေးစင်းကျလျက်
ခပ်ဖြည်းဖြည်းလည်း ခေါင်းညိတ်ပြ​ရှာ၏။

ကြည်ဇေချမ်းက သက်ပြင်းများချကာ
သူအတော်လေးကိုပင် စိတ်မကောင်းဖြစ်လို့
နေသည်။

"မနေ့က ကြီးကြီးတင်ပြောပါတယ်၊ညနေဘက်
ကြီး ချွေးတလုံးလုံးနဲ့ ရေတန်းမချိုးပါနဲ့ဆိုတာ
ကို စကားနားမထောင်ဘူးလေ"

"ကျွန်တော့်အပြစ်ပါ ကြီးကြီးတင်၊လွင့်ကို
အပြစ်မတင်ပါနဲ့"

"ဟောတော့်.."

ကြီးကြီးတင်က နှီးယပ်တောင်ကြီးခတ်လျက်
ကွမ်းတမြုံမြုံလည်းဝါးကာ ကျွန်တော့်စကား
အပေါ် အံ့ဩရိပ်တို့ထင်းနေသည်။လွင့်ကို
အပြစ်တင်လျှင် ကျွန်တော်မခံနိုင်ပါ။

ကြီးကြီးတင်က လွင်​၏ကြီးတော်အရင်း
ခေါက်ခေါက်မှန်းသိပါသော်လည်း ကျွန်တော့်
စိတ်ကိုကမရပေ။အရိုးခံ ထိုအမျိုးသမီးကြီး
ကတော့ ပြုံးလို့နေသည်။ကျွန်တော့်စိတ်ကိုပဲ
ကြီးကြီးတင်က ရိပ်မိနေသလားလဲမသိပေ။

"ကြီးကြီးတင်က ဆိုင်ကိုလည်းပြန်မသွားလို့
မဖြစ်ဘူး။ပိုက်ဆံက ကြီးကြီးတင်ပဲကိုင်တာ
ဆိုတော့ ဟိုမှာ လူကျတဲ့အချိန်ဆို ထိုက်ထိုက်
တို့၊မသန်းဝေတို့က နိုင်မယ်မထင်ဘူး။

လွင်(လြင္)||Completed||Hikayelerin yaşadığı yer. Şimdi keşfedin