လွင်-(၈)ဇာတ်သိမ်းပိုင်း

1.9K 181 30
                                    

Unicode

လွင်-အပိုင်း()ဇာတ်သိမ်းပိုင်း

||ကြောင်ကလေးတွေကို ချစ်ပါ။
ဒီလူ့ကိုလည်း အဓိကထား ချစ်နေပေးပေါ့
လေ..လွင်||

"တန်ဆောင်မုန်းလပြည့်ညတုန်းက လွင်တို့
အိမ်ရှေ့မှာ အစ်ကိုပံ့သကူလာပစ်သွားတယ်၊
လွင်ရလိုက်သလား"

"ခင်ဗျာ.."

လွင်က ကြောင်ငေးငေးလေးဖြစ်လျက် ခပ်တွေ
တွေ မော့ကြည့်လာ​၏။

ပံ့သကူပစ်တယ် ဟုတ်လား။
ထိုနေ့ညက သူအိမ်ရှေ့ကိုထွက်ပါသေးသည်။
ကြွေကျနေသော ဗာဒံရွက်ခြောက်များမှလွဲ၍
ဘာမှမတွေ့ခဲ့ရပေ။တစ်ဖန်ငေးကာတွေးရင်း
ကြည်ဇေချမ်းထံသို့ လွင်ကကြည့်လာသည်။

"တစ်ကယ်ပဲ ပံ့သကူပစ်ခဲ့တာလား"

"အင်းလေ လွင်,မတွေ့မိဘူးလား"

ကြည်ဇေချမ်းက အံ့အားသင့်ဟန်လုပ်ကာ
ဆိုနေ​၏။သူ့ထံမှ လွှမ်းနေပါသောအရိပ်အမြွက် များအား လွင်မသိချေ။စဉ်းစားပါသော်ငြား၊
အကဲခတ်ကြည့်ပါသော်ငြား လွင်မသိပေ။

ခပ်တွေတွေငေးကြည့်ရင်းမှ ကြည်ဇေချမ်း​၏အမေးအား လွင်က ခေါင်းခါပြလျက်ဆို​၏။

"ဟင့်အင်း မတွေ့မိဘူး"

"ဟာကွာ.."

ကြည်ဇေချမ်းက ထိုသို့အသံထွက်လာသော်ငြား
ပြုံးရိပ်တို့ဖြင့်ရောယှက်နေပါ​၏။သည်တစ်ခါ
တော့ လွင်တကယ်ပင်နားမလည်တော့ချေ။

အစ်ကိုက စနောက်နေသည်လား၊ဒါမှမဟုတ်..။
လွင်က စူးရှတောက်ရွှန်းသော မျက်ဝန်းကလေး
များဖြင့် ဖျတ်ခနဲမော့ကြည့်လာတော့သည်။
သူနားလည်သွားချေပြီ။

"အစ်ကို တမင်စ,နေတာမဟုတ်လား"

"မဟုတ်ရပါဘူးကွာ၊အဲ့နေ့က တကယ်ပဲ
လွင်တို့အိမ်ရှေ့မှာ အကိုပံ့သကူပစ်ခဲ့တယ်။

အဲ..တစ်ခုတော့ရှိတာပေါ့လေ ပိုက်ဆံတို့၊
ပစ္စည်းတို့တော့မဟုတ်ဘူး။သူက စိတ္တနာမ်လေးပဲ"

"ဟင် စိတ္တနာမ်..ဘာများလဲ"

"လွင်မင်းသန့်အတွက် အစ်ကို့ရဲ့ချစ်ခြင်းမေတ္တာ
တွေကိုပေါ့ကွာ"

လွင်(လြင္)||Completed||Donde viven las historias. Descúbrelo ahora