လွင်-(၂)

1.2K 170 15
                                    

Unicode

လွင်-အပိုင်း()

||ဒီရင်မှာစိုးထိတ်မိရပါတယ် လွင်ရယ်..||

ကြီးကြီးတင်က လွင်နှင့်ကျွန်တော့်ကို
"ဒီညီအစ်ကိုတွေ"ဟုပြောလျှင် ကျွန်တော်ရင်ခံ
မိသည်။ညီလေးတစ်ယောက်ကဲ့သို့ လွင့်အပေါ်
ထားသည့် ကျွန်တော့်မေတ္တာက သည့်ထက်
ပိုကာ နက်နဲနစ်ဝင်နေမိပြီက သေချာသည်။
သည်အကြောင်းအရာကိစ္စနှင့်ပတ်သက်ပါက
ကျွန်တော်လည်း ဘာမှမတတ်နိုင်။

မြတ်နိုးသက်ဝင်မိမှု၊မေတ္တာသက်ဝင်မိမှု
နှလုံးသားရေးရာအား ခလုတ်ကလေးတစ်ချက်
နှိပ်ရုံမျှကဲ့သို့ ရပ်တန့်ပစ်လိုက်ရန်လည်းမလွယ်လှပေ။စီးဆင်းမှုမေတ္တာသွေးကြောအား
ကျွန်တော်ကတော့ ဆက်လက်စီးဆင်းကာ
လည်ပတ်ခွင့်ပြုချင်သည်။

~~~~

"လွင်ရေ..လွင်"

ကြည်ဇေချမ်းကအသံပေးလျက် လွင်တို့​၏
ခြံထဲသို့ဝင်လာသည်နှင့် ခြံထောင့်နားလေးမှ
ရေကျသံကိုလည်း သူကြားလိုက်ရသည်။
အမှတ်တမဲ့လှမ်းကာကြည့်ဖြစ်တော့ လွင်မင်းသန့်က ရေချိုးနေသည်။ရေသံနှင့်ရောကာ
ခေါ်သံကိုပင် လွင်ကမကြားရချေ။

ကျွန်တော်မျက်နှာပဲလွှဲရမလို၊ထိုအနားရှိခြံစည်း
ရိုးနားသို့သွားကာ ကိုယ်နှင့်ပဲကာထားပေးရ
မလို ဝေခွဲရခက်နေပြန်သည်။အကြောင်းမှာ..
လွင်တို့​၏ခြံစည်းရိုးသည်ကား အပြင်မှကြည့်
လျှင် ခြံအတွင်းဘက်သို့ပင် လှမ်း၍မြင်နိုင်သည်။

သို့ကြောင့် ဤအိမ်ရှေ့မှဖြတ်သွားကြသူတိုင်း ရေချိုးနေသည့် လွင့်ကို မြင်သွားနိုင်သည်။
အူတို၊သဝန်တိုမိလိုက်သည်လား ကျွန်တော်
မသိ။သိသည်က ကျွန်တော်ရင်တွေပူလှပြီ။

"လွင်.."

ကြည်ဇေချမ်းက အသံမြှင့်ကာ လွင်မင်းသန့်
အားထပ်၍ခေါ်လိုက်သည်။နောက်ကျောပေး
ထားသည့်လွင်က သည်တော့မှလှည့်ကြည့်
လာသည်။ကြည်ဇေချမ်းအား သူကမြင်တော့
​လွင်​၏မျက်နှာငယ်ကလေးက အနည်းငယ်
ရှက်ရိပ်တို့ထင်းသွားချေ​၏။

လွင်(လြင္)||Completed||Donde viven las historias. Descúbrelo ahora